အောင်ပွဲတွေထပ်လာပြန်ပြီ ​ဆို့အောက်ဂွတ်ရှယ်

ကျောက်စခန်းနှင့် မဒါဘွမ်ရှိ စကစတပ်စခန်းများကို KIAမှ ထပ်မံတိုက်ခိုက်သိမ်းပိုက်။
မိုးမောက်- ၂ ဧပြီ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ကျောက်စခန်းနှင့် မဒါဘွမ်(Mada Bum)ရှိ စစ်ကောင်စီတပ်စခန်းတို့ကို ကချင်လွတ်လပ်ရေးတပ်တော် KIAနှင့် KPDFပူးပေါင်းတပ်တို့မှ ယနေ့ ဧပြီလ (၂)ရက်နေ့ညနေပိုင်းတွင် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ​၏ ဗျူဟာမြောက် စိန်လုံဗျူဟာတပ်စခန်းကြီးကို သိမ်းပိုက်ပြီးနောက် KIAနှင့် ပူးပေါင်းတပ်တို့သည် မိုးမောက်မြို့အနီးရှိ ကျောက်စခန်းကျေးရွာအခြေစိုက် တပ်စခန်းနှင့် မဒါဘွမ်ရှိ တပ်စခန်းတို့ကို ဆက်တိုက် သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက 7 Stars Newsကို ပြောသည်။
“မိုးမောက်နဲ့တော်တော်ကို နီးလာပါပြီ။ စိန်လုံဗျူဟာပြီးတာနဲ့ ဒီညနေ ကျောက်စခန်းကိုလည်း သိမ်းလိုက်နိုင်ပါပြီ။ မိုးမောက်က ပြည်သူတချို့တော့ ရှောင်နေကြပါပြီ။ ပြီးတော့ မိုင်ဆက်ကောင် (Mai Sak Kawng)ကနေလည်း အသံတွေကြားနေရတယ်။ အခုဆိုရင်ကျောက်စခန်းနဲ့ လွယ်ဂျယ်ကြားက စခန်းတွေ အကုန်လုံးကို KIAသိမ်းလိုက်နိုင်ပါပြီ။”ဟု ပြောသည်။
ယနေ့ညနေပိုင်းတွင် ကျောက်စခန်းနှင့် မဒါဘွမ် စခန်းတို့ကို သိမ်းပိုက်ပြီးနောက် မိုးမောက်-လွယ်ဂျယ်လမ်းရှိ စကစတပ်စခန်း အားလုံးကို KIAသိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။
စိန်လုံဗျူဟာစခန်းသိမ်းတိုက်ပွဲမှ လက်နက်ကြီးအပါအဝင် စစ်လက်နက် ခဲယမ်းများစွာကို KIAမှ သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။
crd

Be the first to comment

Leave a Reply

Your email address will not be published.


*