ချောက်၊ ဆူးတောရွာထဲ ရောက်နေသည့် စစ်တပ် PDF တိုက်ခိုက်မှုကြောင့် အရာရှိ ၁ ဦးအပါအဝင် ၁၁ ဦးtayဆုံးဟုဆို

ချောက်၊ ဆူးတောရွာထဲ ရောက်နေသည့် စစ်တပ် PDF တိုက်ခိုက်မှုကြောင့် အရာရှိ ၁ ဦးအပါအဝင် ၁၁ ဦးtayဆုံးဟုဆို

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆူးတောကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်သားများကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးသွားကြောင်း Chauk Guerrilla Force (C.G.F) က သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၀ ရက်၊ ည ရှစ်နာရီခွဲခန့်တွင် ချောက်မြို့နယ်၊ ဆူးတောကျေး ရွာအတွင်း အင်အား ၃၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲထားသည့် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ် ခန့်ကြာခဲ့ကြောင်းသိရသည်။

“မနေ့(ဇူလိုင်၂၀ရက်)က ညကတော့ရွာကနေ စစ်သားတွေ ချောက်ကို ပြန်ဆုတ်သွားပြီးတော့ ဒီနေ့(ဇူလိုင်၂၁ရက်)တော့ စစ်ကား နဲ့ ပြန်ရောက်နေပြီလို့ ကြားပါတယ်” ဟု Chauk Guerrilla Force (C.G.F) တာဝန်ခံ ကိုဘကောင်းက ပြောသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က လက်နက်ကြီးဖြင့်ပစ်ကူပေးကာ စစ်ကူများ ကားဖြင့် ရောက်ရှိလာခဲ့ရာ PDFရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရသည်။

သေဆုံးသွားသည့် စစ်သားများကို ညတွင်းချင်း ချောက်မြို့နယ်မှ စစ်ကူလာသည့် ကားဖြင့် ပြန်လည် သယ်ဆောင်သွားကြောင်းသိရသည်။

အင်အား၃၀ခန့်ရှိသော ယင်းစစ်တပ်သည် ဇူလိုင်၁၈ရက်က ဆူးတောရွာထဲ ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *