မိုးကုတ်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်

မိုးကုတ်မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်

ဇူလိုင် ၂၄၂၀၂၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ဇူလိုင် ၂၄ ရက်  ညနေ (၅း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း  သတင်းထုတ်ပြန်သည်။

ဇူလိုင် (၂၄)ရက်နေ့ ထုတ်ပြန်သည့် တအာင်းပြည် စစ်ရေးသတင်းထုတ်ပြန်ရာတွင် တအာင်းပြည် တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးတို့ကို တအာင်းတပ်မတော် TNLA မှ ယနေ့ ညနေ (၅း၀၀) နာရီအချိန်တွင် ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြသည်။

အလားတူ တပ်မဟာ(၃)နယ်မြေ မိုးမိတ်မြို့ ယနေ့ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် စစ်ကောင်စီ လက်ကျန်တပ်စခန်းတစ်ခုဖြစ်သည့် မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့သည်။

ထို့ပြင် တပ်မဟာ(၂) နယ်မြေ နောင်ချိုမြို့နယ် သဲခေါ်ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဘန့်ဘွေးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အုမ္မတီးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *