မသိနားမလည်ဘဲ ဆေးသုတ်ခံလိုက်ရတဲ့ နန်းမတော် မယ်နု အုတ်ကျောင်း

မသိနားမလည်ဘဲ ဆေးသုတ်ခံလိုက်ရတဲ့ နန်းမတော် မယ်နု အုတ်ကျောင်း

ရှေးဟောင်းဆိုတာ ဘာလဲ ?

 

ယဉ်ကျေးမှုအမွေအနှစ်ဆိုတာဘာလဲ ?

 

နကန်းတလုံးမှ နားမလည်ပဲ အသစ်လိုဖြစ်အောင်လုပ်ပစ်တာ ရှေးဟောင်းအဆောက်အဦး ထိန်းသိမ်းရေး လုပ်တာတဲ့လား ?

 

အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုတော့ သွားပြန်ပါပြီ

နှမြောမိတယ် မယ်နုရေ 🥲🥲🥲

#မယ်နုအုတ်ကျောင်း

#အင်းဝ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝ ရှေးဟောင်းနယ်မြေအတွင်းက မယ်နုအုတ်ကျောင်း (မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီး) ကို ဆေးအသစ်သုတ်ထားတာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ထောက်ပြမှုတွေရှိလာပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးအပတ်က မယ်နုအုတ်ကျောင်းကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက မွမ်းမံပြင်ဆင်ခဲ့ပြီးနောက် ဆေးအသစ်သုတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းဝဒေသခံတစ်ဦးကပြောပါတယ်။
“ဒီရက်ပိုင်း မိုးလည်းများ၊ ရေကလည်းကြီးနေတော့ အကုန်လုံးက ကိုယ့်အပူနဲ့ကိုယ် ဖြစ်နေကြတော့ မသိလိုက်ကြဘူး။ ဆေးသုတ်ပြီးခါနီးမှ သိကြတာ။ ရှေးဟောင်းအမွေအနှစ်ကြီးကိုဗျာ၊ လုပ်ချလိုက်တာ။ အံ့ဩတယ်” မယ်နုအုတ်ကျောင်းဟာ ကုန်းဘောင်ခေတ် ဘကြီးတော်မင်းတရားလက်ထက် မိဖုရားခေါင်ကြီး နန်းမတော်မယ်နုကနေ ညောင်ကန်ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်းခဲ့တာလို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိတဲ့ အုတ်ကျောင်းကြီးကို ဆေးအသစ်သုတ်လိုက်တာက မူလ ဗိသုကာလက်ရာတွေကို ဖုံးကွယ်လိုက်တာလို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ မန္တလေးဌာနခွဲ တာဝန်ခံ ဒေါက်တာ သန်းထိုက်ကိုတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝ ရှေးဟောင်းနယ်မြေအတွင်းက မယ်နုအုတ်ကျောင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ (ဆေးမသုတ်မီ) နှင့် ဇူလိုင်လ ၃၁ ရက်နေ့ (ဆေးသုတ်ပြီး) တွေ့ရစဉ်။ (Citizen Photo and Aung Zaw Min)
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *