ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ အိတ်ထဲက ပစ္စည်းတွေ နှိုက်နေကြ ငတက်ပြားအကြီးစားကို ဖ-မ်းဆီးခြင်း….

ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ အိတ်ထဲက ပစ္စည်းတွေ နှိုက်နေကြ ငတက်ပြားအကြီးစားကို ဖ-မ်းဆီးခြင်း….

ရန်ကုန်လေဆိပ်မှာ ခရီးသည်တွေရဲ့ အိတ်ထဲက ပစ္စည်းတွေ နှိုက်နေကြ ငတက်ပြားအကြီးစားကို ဖ-မ်းဆီးခြင်း….
တညနေလုံး ဆားပုလင်းနှင်းမောင်လုပ်ပြီး ခုဘဲ မင်္ဂလာဒုံရဲစခန်းကနေ အိမ်ပြန်ရောက်ပါပြီ။ သူခိုးလဲ လောလောဆယ် မင်္ဂလာဒုံ အချုပ်ခန်းထဲမှာအငြိမ်းစားရသွားပါပြီ။ ဘဝမှာ ခရီးသည်တွေရဲ့အိတ် ကို ဖောက်ချင်တိုင်းဖောက်ခိုးနေတဲ့ လေဆိပ်ကသူခိုးကို ကိုယ်တိုင်ရဲနဲ့အတူလိုက်ပြီး ဖမ်းလိုက်က်နိုင်တာအကျေနပ်ဆုံး၊ အားအရဆုံးဘဲ။
ဗီယက်နမ် ရောက်ပြီးနောက်ရက် လပ်တော့ ပျောက်တာ MAI ကို complain တက်တော့ သူတို့က ဗီယက်နမ်ဖက်က ခိုးတာလဲ ဖြစ်နိုင်တယ်ဆိုပြီး လွှဲချသေးတာ၊ ဘယ်ဖက်က ခိုးလဲ မသိဘူး၊ MAI စီးတာ ပစ္စည်းပျောက်လို့ MAI မှာ တာဝန်ရှိတယ်။ MAI ကပဲ တာဝန်ယူရှာပေးပါ။ မရရင် ရေဆုံးရေဖျားလိုက်မှာလို့ ပြောခဲ့ပေမယ့် ဘာမှ မလုပ်ပေးကြဘူး။ သူတို့သာ အိတ်သွားတဲ့ လမ်းကြောင်းတလျှောက် စီစီတီဗီ ကြည့်ပြီး ရှာပေးခဲ့ရင် ခုလိုရုံးရောက်၊ ဂတ်ရောက်တွေလဲ လုပ်ဖြစ်မယ် မထင်ဘူး။
ဖမ်းမိရတဲ့အဓိကအကြောင်းရင်းက Apple မို့လို့.. location ပေါ်နေလို့ အလွယ်တကူဖမ်းလို့ရတာ၊ ၂၇ ည မြန်မာပြည်ပြန်ရောက်ပြီး ၂၈ ညနေ မမအေး၊ မမျိုးတို့နဲ့အတူ Hot Pot စားကြရင်း မမျိုးက Laptop ကို Find my မှာရှာကြည့်ဖို့ပြောတော့ ဖုန်းထဲက find my မှာကြည့်လ်ုက်တာ သာကေတအဝိုင်းနားက ရွှေအုတ်ဂူလမ်းမှာ Laptop location ကပေါ်နေတာ။ ဒါပေမယ့် Vietnam သွားတဲ့ည ၂၃ ရက်နေ့ ၇:၂၅ မှာနောက်ဆုံးလာပေါ်နေတာ.. ၂၃ နဲ့ ၂၈ ကြားက location ကတော့ပေါ်မနေဘူး..ဒီကြားထဲ ရောင်းများစားလိုက်ပြီလားလဲမသိနိုင်၊
၂၈ ရက်နေ့ ညတွင်းချင်း ကိုယ်က မင်္ဂလာဒုံရဲစခန်းမှာအမှုသွားဖွင့်၊ ရုံးက Admin & HR manager ကို location ပေါ်တဲ့ သာကေတ ကနေရာကို သွားကြည့်ခိုင်းလိုက်တော့ လေဆိပ်ဝန်ထမ်းတစ်ဦး အဲ့ နားမှာ နေတယ်ဆိုတာသိလာရတယ်။ ညတွင်းချင်းဘဲ ခရေပင်လမ်းခွဲက ရဲတွေကိုခေါ်၊ သာကေတကို မောင်း အဲ့ရက်ကမိုးတွေနေ့ရော ညရောရွာ တဲ့ကာလ.. လမ်းတောင်ဘာမှမမြင်ရ၊ သာကေတကနယ်မြေရဲတွေရယ်၊
အုပ်ကြီးရယ်နဲ့ရဲတွေက မေးမြန်းချိတ်ဆက်ခဲ့ပေမယ့် လူကဘယ်သူဘယ်ဝါ မသေချာသေးလို့ ရဲတွေက ဝင်မဖမ်းခဲ့ကြဘူး၊ ညကြီးသန်းခေါင် လေထဲမိုးထဲ ခရေပင်လမ်းခွဲကနေ သာကေတ၊ သာကေတကနေ ခရေပင်လမ်းခွဲ ရန်ကုန်မြို့ရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ကို မိုးထဲလေထဲ ကူးချည်သန်းချည် မောင်းနေခဲ့တာ။
ဒီကြားထဲတော့ ရဲကသူ့ဘာသာလေဆိပ်မှာ စုံစမ်း စစ်ဆေးတာတွေ လုပ်နေတာ။ ဒီနေ့ မနက် ၁၁ နာရီမှာ ဖုန်းထဲက find my က Notification မှာ ပျောက်နေတဲ့ Laptop ရဲ့ location လာပေါ်တာ နဂိုနေရာမှာဘဲ Laptop က ရှိနေသေးတယ်ဆိုတဲ့သဘော၊ ဒီမနက်ထိ laptop ရှိနေတာသေချာနေမှတော့ ရဲကိုဖုန်းဆက်ပြောပြီးသွားဖမ်းလိုက်တာ၊ ဖမ်းမိတော့ ၃ လုံးတောင် အကုန် Apple ချည်းဘဲမို့ သူခိုးတိုင်ပတ် ဘာမှလုပ်မရဘူး။ အဓိကကတော့ Apple ဖြစ်နေလို့၊ location ပေါ်နေလို့ အလွယ်တကူမိတာပါ။
Apple ရဲ့နည်းပညာမြင့်မားချက် အားပေးရကျိုး နပ်ပါတယ်။ တခြား laptop သာဆို ပြန်ရဖို့မရှိဘူး။ ဒီနေ့မိုးထဲလေထဲ ရဲတွေနဲ့ သူခိုးဖမ်းခဲ့ရတာတော့ ဘဝမှာအမှတ်တရပေါ့။ ခိုးတဲ့သူက YACL ( Yangon Aerodrome Company Ltd ) မှာအလုပ်လုပ်တဲ့ ဝန်ထမ်းပါ ဘယ်လေကြောင်းလိုင်းကမှ မဟုတ်ပါဘူး။
ခရီးသည်တွေရဲ့ အိတ်ကိုဖောက်၊ အကြီးစားခိုးနေတဲ့ လေဆိပ်ဝန်ထမ်းကို ဖမ်းမိတာ အရမ်းကို ကျေနပ်တယ်။ အားရတယ်။ လေဆိပ်မှာ ခိုးနေတာလေး ကာလတခုထိတော့ ရပ်တန့်လောက်ပါရဲ့
crd(Kay Khine Myint facebook)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *