ပြင်ဦးလွင်ကို တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ၊ မန္တလေးမြို့အဝင်တွင် ကားများ ပိတ်ဆို့နေ (ရုပ်/သံ)

ပြင်ဦးလွင်ကို တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ၊ မန္တလေးမြို့အဝင်တွင် ကားများ ပိတ်ဆို့နေ (ရုပ်/သံ)

ပြင်ဦးလွင်ကို တိုက်ခိုက်မည်ဆိုသော သတင်း များကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေ၊ မန္တလေးမြို့အဝင်တွင် ကားများ
ပိတ်ဆို့နေ (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ကို တော်လှန်ရေးတပ်များက မကြာမီ တိုက် ခိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်အရာရှိကြီးများ၏ မိသားစုများ၊ ရဲနှင့် ဝန်ထမ်းများ၏ မိသားစုများ အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့ နေကြကြောင်း ပြင်ဦးလွင်မြို့အခြေစိုက် တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၆ ရက်နေ့မှစတင်၍ စစ်တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုများ၊ Non-CDM ဝန်ထမ်းများ၏ မိသား စုဝင်များက ပြင်ဦးလွင်မြို့မှ စတင်ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း ပြင်ဦးလွင်တွင် ခံစစ်ပြင်ဆင်မှုများ သိသိသာသာ တိုးမြှင့်လုပ်ဆောင်လာချိန်တွင် ထိုသို့ စစ်တပ်၊ရဲနှင့်ဝန်ထမ်းများ၏ မိသားစုဝင်များ အလုံးအရင်းဖြင့် ပြောင်း ရွှေ့နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြင်ဦးလွင် တပ်မတော်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ် (သသန တပ်)၊ စစ် အင်ဂျင်နီယာတပ်၊ တပ်မတော်ဆေးတပ်ရင်း၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ထောက်ပို့တပ်များမှ စစ်အရာရှိမိသားစုဝင်များမှာ ကိုယ်ပိုင်ကားများ၊ စုပေါင်းငှားရမ်းထားသော ကားများဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် အလုံးအရင်းဖြင့် စတင်ပြောင်းရွှေ့နေကြကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်ကမူ တပ်အရာရှိကြီးများ၏ မိသားစုဝင်များ၊ ရဲမိသားစုဝင်များ၊ Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ ပြောင်းရွှေ့မှုအပေါ် တစ်စုံတစ်ရာ တားဆီးမှုမရှိဘဲ တချို့တပ်ရင်းများတွင် တပ်မှူးနှင့် တပ်အကြီးအကဲများကိုယ်တိုင် မိသားစုဝင်များကို ဘေးကင်းရာသို့ ပြောင်းရွှေ့ကြရန် နှုတ်မိန့်ဖြင့် ညွှန်ကြားချက်ပေးနေကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာရှိတဲ့ တပ်အကြီးပိုင်းမိသားစုတွေတော့ နေပြည်တော်ပြောင်းကြပြီ။ မနေ့ညနေက ရပ်ကွက်နေပြည်သူတွေမပြေးဖို့နဲ့ မီဒီယာတွေ့ သတင်းအမှားတွေမယုံဖို့လိုက်ပြောတယ်။ တပ်မိသားစုတွေက တကယ်ကိုတိတ်တဆိတ် ပြေးနေကြပြီ။ ဗိုလ်ကတော် ကျောင်းဆရာမတွေလည်း ကျောင်မလာကြတော့ဘူး။ နောက်ပြီး ပြင်ဦးလွင် မိုးကြိုးကွက်သစ် ဘုရားကုန်းမှာ စစ်တပ်က အင် အား အများပြားချနေရာယူထားကြတယ်။ အထပ်မြင့် အဆောက်အအုံတွေမှာလည်း စနိုက်ပါ တပ်သားတချို့ နေရာယူမယ်လို့ အိမ်ရှင်တွေကို လိုက်ပြောတာရှိတယ်” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များက ပြင်ဦးလွင်မြို့အတွင်းသို့ မိုးကုတ်၊ နောင်ချိုတို့ဘက်မှ ဝင်ရောက်လာမှုများကို တားမြစ်ထားပြီး မြို့အဝင်တွင် စစ်ဆေးမှုများကို ပိုမိုး တင်းကျပ်ထားကြောင်း၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကိုလည်း လက်နက်တပ်ဆင်မှုများကို ယခုရက်ပိုင်းအတွင်း ပိုမိုးတိုးမြှင့်လုပ်ဆောင်လာကြောင်း ပြင်ဦးလွင်အခြေစိုက် တပ်သတင်းရင်းမြစ်များက ပြောဆိုကြသည်။
ယနေ့တွင် ပြင်ဦးလွင်မှ ဆင်းလာသော ရာပေါင်းများစွာသော ကားများမှာ မန္တလေးမြို့အဝင် ၁၆ မိုင်ဂိတ်တွင် ပိတ်မိနေကြောင်း၊ စစ်ကောင်စီက ကားများကို တင်းကျပ်စွာ စစ်ဆေးနေခြင်းကြောင့် ပြင်ဦးလွင်မှ ဆင်းလာသော ကားများ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *