အင်းလေးမှာ ရွာ ၁၇၀ ကျော် ရေကြီးနစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေ

အင်းလေးမှာ ရွာ ၁၇၀ ကျော် ရေကြီးနစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေ

အင်းလေးမှာ ရွာ ၁၇၀ ကျော် ရေကြီးနစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေ
~~~
■ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ကျေးရွာ ၁၇၁ ရွာ ရေကြီးနစ်မြုပ်နေပြီး အစားအသောက်နဲ့ ဆေးဝါးအပါအဝင် အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

အင်းလေးမှာ တစ်ထပ်အိမ်တွေ အားလုံးနီးပါးမြုပ်ကုန်ပြီး နီးစပ်ရာ အထပ်မြင့်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ပြီးနေရတယ်လို့ ရေဘေးသင့်သူတွေကို ကူညီပေးနေတဲ့ မစိန်ချယ် (အင်းလေး) က RFA ကိုပြောပါတယ်။

“စက်တင်ဘာ ၆ ရက်နေ့ကစ မြုပ်တာ၊ အစတုန်းက တဖြည်းဖြည်းတက်တာ၊ ပြီးခဲ့တဲ့ ၁၁ ရက်ကနေ ၃ ရက်အတွင်း အဆမတန် တက်လာတာပါ၊ တစ်ထပ်အိမ်တွေ ခေါင်မိုးထိ မြုပ်နေပြီ၊ နှစ်ထပ်ရှိတဲ့အိမ်တွေလည်း အောက်ထပ် ရေမြုပ်နေပြီ၊ မြုပ်သွားတဲ့အိမ်တွေက ရွာမှာရှိတဲ့ ဘုန်းကြီးတွေ၊ အနောက်ဘက် တောင်အောက်ခြေက ဘုန်းကြီးကျောင်းတွေကို သွားနေကြတယ်၊ မမြုပ်သေးတဲ့ အထပ်မြင့်အိမ်တွေမှာလည်း စုနေတာလည်း ရှိတယ်”

အင်းလေးမှာ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး အဲဒီအထဲက ကျေးရွာ ၁၇၁ ရွာ ရေကြီးနစ်မြုပ်နေတာလို့လည်း ဆိုပါတယ်။

လတ်တလော လျှပ်စစ်မီးမရတာကြောင့် ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိပြီး အလွယ်တကူစားလို့ရတဲ့ စားစားစရာတွေ၊ သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံးစတာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ကူညီပေးသူတွေက ပြောပါတယ်။

အင်းလေကန်ဟာ နှစ်စဉ် ပုံမှန်ရေတက်ချိန်မှာတောင် လနဲ့ချီကြာတက်ပြီး အခုလို ဆက်တိုက် ရေတက်လာတာကြောင့် ရေကျဖို့ လများစွာ ကြမှာဖြစ်တာကြောင့် စားဝတ်နေရေးအတွက် ဒေသခံတွေ စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
_________
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေနစ်မြုပ်နေသည့် နေအိမ်များအား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

#crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *