လားရှိုးမြို့ဆို့အောက်ပြန်ပြီပမျိုးတို့

လားရှိုးမြို့ဆို့အောက်ပြန်ပြီပမျိုးတို့

Breaking News- လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြီး သတ် သိမ်းပိုက်ရရှိသွားမှုကို ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ပြီဖြစ်သည်။

MNDAA နှင့်တွဲဖက်၍ လားရှိုး ရှေ့တန်းစစ်မြေပြင် တိုက်ခိုက်နေသော BPLA မှ ရဲဘော်မောင်ဆောင်းခက “ညကတည်းက ကျနော်တို့ မြိုတဝက်ကို ရထားပြီး ကျန်တဲ့နေရာတွေကို ဝိုင်းဝန်းပိတ်ဆိုထားနိုင်ခဲ့ပါတယ်။ အခုကတော့ လက်ကျန်စခန်းငယ်တွေကို ထပ်ရှင်းဖိုနဲ့ ကစဉ့်ကလျားဖြစ်နေတဲ့ရန်သူတွေကို ဖမ်းဆီးထိန်းသိမ်းဖိုတော့ ကျန်တော့တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ကြောင်း MNDAA ဘက်က ယနေ့နံနက်ပိုင်း ကြေညာလိုက်သည်။

“လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်- ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA က ကြေညာထားသည်။

ရန်ကုန်ခေတ်သစ်၏ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကလည်း လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း အတည်ပြုပြောဆိုသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *