ကန့်ဘလူ ကျီကုန်းရွာတံတားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းတိုက်ခိုက်ခံရလို့ ၁၄ယောက်tay၊ ၁၆လက်ရ

ကန့်ဘလူ ကျီကုန်းရွာတံတားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းတိုက်ခိုက်ခံရလို့ ၁၄ယောက်tay၊ ၁၆လက်ရ

ကန့်ဘလူ ကျီကုန်းရွာတံတားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းတိုက်ခိုက်ခံရလို့ ၁၄ယောက်သေ၊ ၁၆လက်ရ
ဇူလိုင် ၂၅ ရက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းရွာ တံတားမှာ တပ်စွဲဂိတ်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ ညနေ ၃နာရီခွဲမှာ ကျီကုန်ရွာတံတားဂိတ်ကို ဖောကားနဲ့ သွားရောက်ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုဝင် ၁၄ယောက်သေ၊ သေနတ် ၁၆လက်သိမ်းပိုက်လာခဲ့တာလို့သိရပါတယ်။
“အလစ်ငိုက်မိသွားတာ။ သေတာလည်းထွေးနေရော။ ဂန်းတွေလည်းရလာတယ်”လို့ဒေသတော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုထံကနေ G3 ၃ လက်၊ ကာဘိုင် ၁၁ လက်၊ 79 ၁ လက်၊ ပြောင်းချော ၁ လက် တို့ကို သိမ်းဆည်းရရှိတယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားအဖွဲ့မှ ပိုင်ချဲဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *