ပတ္တမြားမြေကို သိမ်းယူနိုင်ခဲ့တဲ့ MDY-PDF ရဲ့ အောင်ပွဲပုံရိပ်များ

ပတ္တမြားမြေကို သိမ်းယူနိုင်ခဲ့တဲ့ MDY-PDF ရဲ့ အောင်ပွဲပုံရိပ်များ

ပတ္တမြားမြေကို သိမ်းယူနိုင်ခဲ့တဲ့ MDY-PDF ရဲ့ အောင်ပွဲပုံရိပ်များ
ဇူလိုင် ၂၅၊ ၂၀၂၄
ပတ္တမြားမြေလို့ ခေါ်ဝေါ်ကြတဲ့ မိုးကုတ်မြို့ရဲ့ မြို့သိမ်းတိုက်ပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်မှုနဲ့အတူ ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဇူလိုင် (၂၄)ရက် မနေ့က ညနေ(၅)နာရီဝန်းကျင်မှာ မိုးကုတ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့မှုမှာ MDY-PDF တပ်ဖွဲ့တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
မြေပြင်တိုက်ပွဲတွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ဒရုန်းတပ်ဖွဲ့ကလည်း မဟာမိတ်တွေနဲ့ ဟန်ချက်ညီညီ လက်တွဲကာ စစ်ဆင်ရေးတွေကို ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ပြန်လည်စတင်ပြီးနောက် ဇူလိုင် ၁၀ရက်မှာ နောင်ချိုမြို့ကို TNLA+PDF တပ်ပေါင်းစုတွေက သိမ်းပိုက်နိုင်ခဲ့သလို MDY-PDF ကလည်း ရက်ပိုင်းအတွင်းမှာပဲ
စဉ့်ကူးမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် မိုးကုတ်ဟာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့ တတိယမြောက်မြို့ဖြစ်လာခဲ့ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *