ထိုင်ဝမ်မုန်တိုင်းမှာ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေ

ထိုင်ဝမ်မုန်တိုင်းမှာ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေ

ထိုင်ဝမ်ကျွန်းမှာ တိုက်ခတ်နေတဲ့ အင်အားပြင်းမုန်တိုင်းဂမ်မီကြောင့် ကျွန်း အနောက်တောင်ပိုင်း ကမ်းလွန် မှာ နစ်မြုပ်သွားတဲ့ကုန်တင်သင်္ဘောပေါ်ကနေ အသက်ကယ်အင်္ကျီနဲ့ ခုန်ချခဲ့ကြတဲ့ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် ကုန်တင်သင်္ဘောတစ်စီးဟာ ကြာသတေးနေ့ မနက်အစောပိုင်းမှာ နစ်မြုပ်ခဲ့တာကြောင့် အဲဒီသင်္ဘောသားတွေ ပင်လယ်ထဲ ခုန်ချခဲ့ကြတာလို့ ထိုင်ဝမ် မီးသတ်ဌာနက ပြောပါတယ်။

အခုတော့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့ဟာ လှိုင်းကြမ်းပင်လယ်ပြင်မှာ ပျောက်ဆုံးနေတယ်လို့ ယူဆရတဲ့ မြန်မာသင်္ဘောသား ၉ ဦးကို ရှာဖွေနေပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းက မုန်တိုင်းဟာ ထိုင်ဝမ်ကို ဖြတ်ကျော်ချိန် လူ ၃ ဦးသေဆုံးပြီး ရာနဲ့ချီတဲ့လူတွေ ဒဏ်ရာရရှိ ထားပါတယ်။

အဲဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တုန်းကတော့ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *