ယတြာလဲ မရတော့ဘူး စွပု 🤭 (ဆန်မှုန့်နဲ့လုပ်ခိုင်းပြန်ပြီ)

ယတြာလဲ မရတော့ဘူး စွပု 🤭 (ဆန်မှုန့်နဲ့လုပ်ခိုင်းပြန်ပြီ)

PNO/PNAပြည်သူ့စစ်က ​​ဒေသခံပြည်သူများကို ဆန်မှုန့်ဖြင့်နဂါးရုပ်တုလုပ် ယတြာ​ချေရန် ​​စေခိုင်း​နေ
သြဂုတ်လကို အထူးသတိထားရမည်ဟုဆို
သြဂုတ် ၁၁ ရက်
စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ် အဖွဲ့က ဆန်မှုန့်များဖြင့် နဂါးရုပ်တုပြုလုပ်ကာ ယတြာ ချေပူဇော်ရန် ဒေသခံများကို ညွှန်ကြား​နေသည်။
အထူးဒေသ ၆ (ပအိုဝ်းပြည်သူ့စစ်)နယ်မြေ ငြိမ်းချမ်း ရန် အတွက် ပြုလုပ်ရမည့် အချက် ခြောက်ချက် ကို ယတြာချေခိုင်းပြီး သြဂုတ်လကို အထူးသတိပြုရန်ဟုလည်း ညွှန်ကြားစာ၌ ပါရှိသည်။
“မအလ နဲ့ အတန်းတူတယ်ဆိုတာ ထပ်ပြီး သက် သေပြတာပဲ။ပအိုဝ်းလူမျိုးတွေက ရိုးသားတော့
မအလ ကျွန်ခံလိုတဲ့ အထက်လူ(PNO ခေါင်းဆောင်) တွေရဲ့ အနိုင်ကျင့်တဲ့ ဒဏ်ကို ခံနေရတာပေါ့”ဟု ပင်လောင်းမြို့ခံတစ်ဦးက ပြောသည်။
သစ်သီးခြောက်မျိုးကို အခွံခွာခွဲခြမ်းပြီး ဖက်ရွက်ထဲ ထည့်ကာ လက်ဖက်၊သောက်တော်ရေ ဖြင့် အနောက်တောင်အရပ်၌ နဂါးမင်းကို ပူဇော်ရန် ဆိုကာ အဂ်ါနေ့တွင် ဆောင်ရွက်ရန်၊ ရောဂါ၊စစ်ဘေး၊အငတ်ဘေး မှ ကင်းဝေးရန် ကပ်ကြေး သုံးလက်ကို ရေစီးသန်သော မြစ်၊ချောင်းတွင် သောကြာနေ့တွင် မျောရန်စသဖြင့် ယတြာအစီအမံများကို ​ဖ PNO က​ဖော်ပြထားသည်။
ငုံးဥပြုတ် ၁၁ လုံး၊သံပုရာသီး ၁၁လုံး၊ကင်းပွန်သီး ၁၁ လုံးကို ဖလားထဲထည့်၍ ဘုရား၌ လှူရန် ရွာတိုင်းအိမ်တိုင်းပူဇော်ရန်၊နယ်ခြါးနေရာ၊ဂိတ်စောင့်နေရာများတွင် သမ္မုဒ္ဓေဂါထာ ၉ ခေါက်ရွတ်ပြီးဆန်တစ်ဆုပ်ကျဲရ မည်ဟုလည်းဆိုသည်။
ဦးအောင်ခမ်းထီး ဦးဆောင်သည့် PNO သည် ၁၉၉၁ ခုနှစ်ကစ၍ အပစ်ရပ်ပြီးနောက် ရှမ်းပြည်တောင်ပိုင်း၌ အထူးဒေသအဖွဲ့ ၆ ကို စစ်တပ်က သတ်မှတ်ပေးခဲ့သည်။
PNO သည် အစဥ်အဆက် စစ်တပ်လက်​အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်ပြီး ၂၀၂၂ ခုနောက်ပိုင်းကစ၍ စစ်ကောင် စီ နှင့် ပူးပေါင်းမှုများ ပေါ်ပေါ်ထင်ထင် ရှိလာကာ စစ်ကောင်စီက လက်နက်များ တပ်ဆင်ပေးပြီး PNO က တပ်သားသစ် အဓမ္မ စုဆောင်း​ပေးလျက်ရှိသည်။
PNO/PNA ပြည့်သူစစ်တပ်ဖွဲ့ဝင်များကို စစ်​ကောင်စီတပ်သားများနှင့်အတူ ကရင်နီ​ဒေသစစ်ပွဲများသို့ ​ပူးတွဲ​စေလွှတ်ခဲ့ရာ ကရင်နီပူး​ပေါင်းတပ်များ၏ တိုက်ခိုက်မှုတွင် စစ်သားနှင့် PNO/PNAပြည်သူ့စစ်များလည်းများစွာ​သေဆုံးခဲ့သည်။ဆီဆိုင်မြို့နယ်အတွင်းတိုက်ပွဲများတွင်လည်း ​ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ​သေဆုံး ၊ဒဏ်ရာရမှုများခဲ့သည်။
ဟိုပုံး၊ဆီဆိုင် နှင့် ပင်လောင်းမြို့နယ်တို့တွင် PNO က ၎င်း၏ အုပ်ချုပ်ရေးယန္တရားများ ထူထောင်ကာ ဒေသခံများထံမှ လစဥ် အခွန်ကောက်ယူမှုများရှိသည်။
လက်ရှိတွင် ဆီဆိုင်နှင့် ပင်လောင်း မြို့တို့တွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲ ဖြစ်ပွားနေသည်။ PNO/PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှာ ​တိုက်ပွဲဖြစ်သည်နှင့် ​ပြေးကြသူများပြီး ၎င်းတို့နှင့်အတူ စစ်​ရေးလှုပ်ရှား​သော စစ်သားများက​သေဆုံးမှုပိုများ ​ကြောင်း လတ်တ​လောရှမ်းပြည်နယ်​တောင်ပိုင်းအ​တွေ့အကြုံကို ​တော်လှန်​ရေး တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။
၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းမတိုင်ခင် ဇွန်လအတွင်းကလည်း PNO/PNA မှ ပါတီဥက္ကဌ ခွန်စံလွင်၊ ဒုစစ်ဦးစီးချုပ် ​နေဝင်းထွန်း နှင့် စစ်​ကောင်စီ ကိုယ်စားလှယ်အချို့သည် ရှမ်း​တောင်ပိုင်းရှိ UWSA ၊ SSPP/SSA မှတပ်မှူးများထံသွားပြီး ​တော်လှန်​ရေးအဖွဲ့များကို မကူညီရန် ကျပ်သိန်း ၆၀၀၀ ​ပေးလာဘ်ထိုးရန် ကြိုးစားခဲ့​သော်လည်း တပ်မှူးများကလာဘ်​ငွေကိုငြင်းပယ်ခဲ့သည်။
သိန်း ၆၀၀၀ နည်း၍ လက်မခံဟု ထင်သဖြင့် PNO/PNA မှသိန်း ၁၀၀၀၀ အထိ လာဘ်ထိုးရန် ဟိုပုန်းမြို့နယ်မှ ပြည်သူများထံ​တစ်အိမ်လျင် ကျပ် သုံး​သောင်းစီငွေ​ကောက်ခဲ့သည်။သို့​သော် UWSA နှင့် SSPP/SSA တပ်မှူးများကထပ်မံလာဘ်ထိုးလျှင်လည်းလက်ခံမည်မဟုတ်​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။ ​​နေဝင်းထွန်းသည် ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ခရိုနီလုပ်ငန်းရှင်ဖြစ်သည်။
ထိုအပြင် မကြာ​သေးခင်လပိုင်းက စစ်​ကောင်စီ ပြည်ထဲ​​ရေး ဝန်ကြီး ဗိုလ်ချုပ်ရာပြည့် က PNO/PNAနယက ဦး​အောင်ခမ်းထီးထံသွား​ရောက်​တွေ့ဆုံခဲ့​သေးသည်။
(အာဏာသိမ်း​ခေါင်း​ဆောင်နှင့် PNO/PNA နယက ဦး​အောင်ခမ်းထီးတို့ ၂၀၂၃ ခုနှစ်တွင်​တွေ့ဆုံစဥ်/ ယတြာအစီအမံ ညွန်ကြားချက်/ PNO/PNA ပြည်သူ့စစ် ဒု စစ်ဦးချုပ် ​နေဝင်းထွန်းနှင့်စစ်​ကောင်စီက PNO/PNA ကိုလက်နက်တပ်ဆင်​ပေးစဥ်။ ဓါတ်ပုံ-PNO/PNA)
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *