သီတဂူဆရာတော်အား ညီအစ်ကို မောင်နှမဆွေမျိုးများက အမွေပြတ်စွန့်လွှတ်

သီတဂူဆရာတော်အား ညီအစ်ကို မောင်နှမဆွေမျိုးများက အမွေပြတ်စွန့်လွှတ်

သီတဂူဆရာတော်အား ညီဖြစ်သူ ဦးတင်မောင်ထွန်း ( ခ ) ဦးစွဗ်ရားမှ ဆွေမျိုးများအားလုံးကိုယ်စား အမွေပြတ်စွန့်လွှတ်ကြောင်း ကြေငြာ

သီတဂူဆရာတော်ကြီး၏ ညီဖြစ်သူ ဦးတင်မောင်ထွန်း (ခ) ဦးစွဗ်ရား မှ အကိုဖြစ်သူ ဦးခင်မောင်ထွန်း ( ခ ) ဦးရာဂျာမူးနီး ( သီတဂူ ဆရာတော် ) အား ဆွေမျိုးအဖြစ်မှ စွန့်လွှတ်ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်၌ အများပြည်သူ သိစေစိမ့်ငှာ တရားဝင် အသိပေးအကြောင်းကြားခဲ့ပါသည် ။

 

” သူက သူ့မျိုးရိုး ချစ်တီးမျိုးရိုးကို လူသိမှာစိုးပြီး အတား ( အဖေ ) ဦးကူမားရ် ဆုံးသွားတာတောင် လာမကြည့်ခဲ့ဖူး ။ ကျွန်တော်တို့ကိုလည်း သူ့ကျောင်းကို လုံးဝ လာခွင့်မပေးသလို သူနဲ့ ဆွေမျိုးတော်စပ်ကြောင်းကိုလည်း ဘယ်သူ့ကိုမှ မပြောဖို့ ကျွန်တော်တို့ဆွေမျိုးအားလုံးကို တားမြစ်ထားတယ် ။

သူနဲ့ဆွေမျိုးတော်တယ်လို့ပြောရင် ဖမ်းခိုင်းမယ်ဆိုပြီးလည်း ခြိမ်းခြောက်ထားတယ် ။ ကျွန်တော်တို့အပေါ် ယုတ်မာတာ ထားပါတော့ ပြည်သူလူထုအပေါ်ပါ ယုတ်မာပြီး သရဏံဂုံမတည်သူတွေကို သတ်ပိုင်ခွင့်ရှိတယ်တို့ တပ်ချုပ်ကြီးက မင်းကောင်း မင်းမြတ်ဖြစ်ပါတယ်တို့ အစရှိသဖြင့် ယုတ်မာတဲ့ စကားတွေကို တရားအဖြစ်ဟောကြားနေတာတွေကို ကြားလိုက်ရတော့ အတော်လေး ဒေါသထွက်မိပါတယ်ဗျာ ။

 

မိမိရဲ့ ချစ်တီးမျိုးရိုးကို လူတွေမသိအောင် ဗမာယောင်ဆောင်ပြလည်း သူ့မျက်နှာမဲကြီးက လိမ်လို့ရမလားဗျာ ။ ဟို တနေ့က သူတရားဟောတဲ့ပို့စ်အောက်မှာ ကျွန်တော်တို့မိသားစုအကြောင်းသိနေသူတွေက ချစ်တီးနာမည်တပ်ပြီး လူမျိုးအမည်ကိုပါ တပ်ဆဲနေတာ ကျွန်တော် အတော်စိတ်မကောင်းဖြစ်မိပါတယ်ဗျာ ။

 

ကျွန်တော်တို့ ချစ်တီးတွေရဲ့ မြန်မာပြည်အပေါ် ယုတ်မာခဲ့တဲ့ သမိုင်းကို ကျွန်တော်တို့က ပြည်သူလူထုနဲ့ နိုင်ငံအပေါ် အကျိုးပြုခြင်းအားဖြင့် အများအမြင်ကြည်အောင် ချေဖျက်ရမဲ့အချိန်မှာ သူက အာဏာသိမ်းဖို့ မြှောက်ပေးပြီး တိုင်းပြည်ပျက်ဆီးအောင် သွေးထိုးခဲ့တဲ့ နိုင်ငံ့ရန်သူအဖြစ် ယုတ်မာပက်စက်ခဲ့တယ်ဗျာ ။

 

မိသားစုအပေါ်တင်မဟုတ်ဘူး တစ်နိုင်ငံလုံးအပေါ်ပါ ယုတ်မာပက်စက်တဲ့ အကိုရာဂျားကို ကျွန်တော်တို့ မိသားစု ဆွေမျိုးတစ်သိုက်မှ ဆွေမျိုးအဖြစ်မှ စွန့်လွှတ်ပါကြောင်းနဲ့ သူ၏ ပြောစကား ဟောတရားများမှာ ကျွန်တော်တို့ ဆွေမျိုးများနှင့် လုံးဝ ( လုံးဝ ) မသက်ဆိုင်ပါကြောင်း ပြည်သူတစ်ရပ်လုံးထံ အသိပေး အကြောင်းကြားအပ်ပါသည် ခင်ဗျာ ။ ”

တင်မောင်ထွန်း ( ခ ) စွဗ်ရား

-credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *