စစ်ကောင်စီ ဘုန်းကြီး ဝါသဝ က “ရှမ်းမြောက်ကိုဗုံးကြဲပါ၊ မြေကျန်ရင် ရပြီ”လို့ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ပြော

စစ်ကောင်စီ ဘုန်းကြီး ဝါသဝ က “ရှမ်းမြောက်ကိုဗုံးကြဲပါ၊ မြေကျန်ရင် ရပြီ”လို့ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ပြော

စစ်ကောင်စီ ဘုန်းကြီး ဝါသဝ က “ရှမ်းမြောက်ကိုဗုံးကြဲပါ၊ မြေကျန်ရင် ရပြီ”လို့ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ပြော
မဲခေါင်၊ သြဂုတ် ၁၀
စစ်ကောင်စီဘုန်းကြီး ဝါသဝ က “ရှမ်းမြောက်ကို ဗုံးကြဲပါ၊ မြေကျန်ရင်ရပြီ”လို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ သြဂုတ်လ ၇ ရက်ကလုပ်တဲ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ပြောခဲ့တာပါ။
သင်္ကန်းရုံ ရဟန်း တစ်ပါး အနေနဲ့ လူတွေ သေကြေပျက်စီးမှာကို တိုက်တွန်းတာဟာ ရဟန်းအလုပ်မဟုတ်ဘူးလို့ စကားကို ကြားတဲ့ ရဟန်း၊ ရှင်လူ တွေက ဝေဖန်နေကြပါတယ်။
“ရဟန်းဆိုတာ ၂၂၇ သွယ်သော သိက္ခာပုဒ်နဲ့ ကျင့်ကြံနေထိုင်ပြောဆိုရတာ၊ သိက္ခာပုဒ်မထိန်းနိုင်ရင်တောင် ဒီလိုပြောတာက ပါရာဇိကကျ တာဖြစ်လို့ ဘယ်လိုမှရဟန်း ၁ ပါးရဲ့နှုတ်မြွက်စကား မဖြစ်နိုင်ဘူး”လို့ လားရှိုးမှာ သီတင်းသုံးပြီး စစ်ဘေးရှောင်နေတဲ့ ဆရာတော် တစ်ပါးက မိန့်ကြားပါတယ်။
လက်ရှိမှာ မန္တလေး-မူဆယ် ပြည်ထောင်စုကုန်သွယ်ရေးလမ်းမကြီးပေါ်က မြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာမဖြစ်ပါတယ်။
၁၀၂၇ ရှမ်း-မန်းစစ်ဆင်ရေး ဒုတိယအကြော့အတွင်း သီပေါမြို့နဲ့ မူဆယ်မြို့သာ တော်လှန်ရေးတပ်ဖွဲ့ သိမ်းယူဖို့ ကျန်ရှိနေတာဖြစ်ပြီး သီပေါမြို့ကိုတော့ ဒီနေ့ သြဂုတ်လ ၁၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်နေသလို မူဆယ်က စစ်ကောင်စီတိုင်းမှူးကိုလည်း လက်နက်ချဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဖုန်းနဲ့ဆက်သွယ်ပြောထားတယ်လို့ သိရပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *