ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု….

ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု….

ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၂၈
ချင်းပြည်နယ်၊ ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Chinland Council က သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်းဖြစ်သည့် Auto တောင် စခန်း ၃ ခုအား Chinland Council ပူးပေါင်းတပ်ဖွဲ့က အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစခန်းများမှာ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့မှ ယနေ့ အထိ တစ်ပတ်အတွင်း Chinland Council ပူးပေါင်းတပ်ဖွဲ့များက ဟားခါး-ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများအပြင် စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *