မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် NUG ဝန်ကြီးချုပ် သတိပေး

မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် NUG ဝန်ကြီးချုပ် သတိပေး

မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် NUG ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဇူလိုင် ၃၀
မန္တလေးအထိ ပြည်သူ့ကာကွယ်ရေးတပ်များ၏ စစ်ရေးလှိုင်းများ ဆင်းလာနေပြီဖြစ်၍ ကဏ္ဍအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန်းက သတိပေးပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၂၁/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိကာလတွင် စစ်ဆင်ရေးအခြေအနေများ မျက်ခြည်မပြတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း၊ မန္တလေးအထိ စစ်ရေးလှိုင်းများ ဆင်းလာပြီဖြစ်၍ ကဏ္ဍအသီးသီး ပြင်ဆင်ကြရန်၊ အုပ်ချုပ်ရေးယန္တရားထူထောင်မှုများကို စနစ်တကျ ပြင်ဆင်ထားရန် ဝန်ကြီးချုပ်က သတိပေးသည်။
“ကျွန်တော်တို့အနေနဲ့လည်း စစ်‌ရေးလှိုင်းတွေဟာ မန္တလေးထိ ဆင်းလာနေပြီ ဖြစ်တဲ့ အတွက် စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင် လုပ်ဆောင်စရာ တွေ ပိုများလာပြီဖြစ်တဲ့ ကာလလည်း ဖြစ်ပါတယ်။ စစ်ဆင်ရေးအခြေအနေတွေ၊ အနေအ ထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက်မှာ ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှသာ နယ်မြေစိုးမိုးမှုနဲ့အတူ အုပ်ချုပ်ရေးယန္တရားထူထောင်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင်အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်များက မြို့များကို သိမ်းပိုက်ပြီး နိုင်ငံရေးအကျဥ်းသားများကို ကယ်ထုတ်နိုင်သော အခြေအနေ အမှန်တကယ်ရောက်ရှိလာပြီဖြစ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်းသန် ပြောဆိုလိုက်သည်။
လွန်ခဲ့သော ၃ နှစ်ခန့်ကဆိုလျှင် မြို့များကို သိမ်းပိုက်ပြီး အကျဉ်းထောင်များမှ သူရဲကောင်း နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်နိုင်သော သတင်းမျိုးသည် ဖြစ်နိုင်ပါ့မလား ထင်ကောင်းထင်နိုင်ခဲ့သော အခြေအနေဖြစ်ကြောင်း၊ သို့ရာတွင် လက်တွေ့တွင် အမှန်တကယ်ဖြစ်လာနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုသည်။
“မြို့တွေကို သိမ်းပိုက်နိုင်ပြီး အကျဥ်းထောင်တွေက ကျွန်‌တော်တို့ရဲ့သူရဲကောင်း နိုင်ငံရေးအကျဥ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းမျိုးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ရမယ့် အခြေအနေမျိုးပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ “ငါတို့နိုင်မှ သူတို့လွတ်မြောက်မှာ” လို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့မှုတွေဟာ ဒီကနေ့ အရာထင်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ခုခံတော်လှန်စစ် စတင်ခဲ့စဥ်တုန်းက ဖြစ်နိုင်ပါ့မလားထင်ခဲ့ကြတဲ့ နိုင်ငံတကာကလည်း ခုဆိုရင် နိုင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား မယိမ်းယိုင် သွားအောင် ဆက်လက်စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို ပိုမိုစိတ်ဝင်စားလာကြပြီ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှင်းပြသည်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုလှဲပြီးသည့်တိုင် နိုင်ငံတော်တွင် ဖြေရှင်းစရာကိစ္စများစွာရှိနေကြောင်း၊ ယင်းပြဿနာများကို ပြေလည်အောင်ဖြေရှင်းခြင်းဖြင့် ရှေ့ခရီးဆက်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့က တော်လှန်‌ရေးအစိုးရအနေနဲ့ တိုင်းပြည် ကို ဦးဆောင်နေရတာမို့ တစ်ပြိုင်နက်လုပ်ဆောင်ကြရမယ့် ကိစ္စတွေ အင်မတန်များပါတယ်။ နေ့စဥ်နဲ့အမျှ အရှုံးနဲ့ ရင်ဆိုင်နေရပြီး ပြိုလဲနေပြီဖြစ်တဲ့ စစ်အုပ်စုကို အပြီးတိုင်ဖြိုချပစ်နိုင်ဖို့၊ တော်လှန်ရေးကို အောင်မြင်စွာ ပွဲသိမ်းနိုင်ဖို့ဆိုတာ အချိန်ကိုက်စီမံစရာတွေ အလွန်များ ပါတယ်။
သမိုင်းကြောင်းရှည်လျားပြီး အာဏာရှင် အဆက်ဆက်ရဲ့ အမျိုးမျိုးသော သွေးခွဲအုပ်ချုပ်မှုတွေကို ကြုံတွေ့လာရတဲ့နိုင်ငံ ဖြစ်တာကြောင့် ဖြေရှင်းစရာကိစ္စ တွေကလည်း အင်မတန်များတာ အမှန်ပဲ ဖြစ်ပါတယ်။ အခုအချိန်ကတော့ စစ်အုပ်စုအပြီးတိုင်ချုပ်ငြိမ်းသွားဖို့ တိုက်ပွဲဝင်ရင်း ဖြေရှင်းကြ ရမယ့် နိုင်ငံရေးဆိုင်ရာ ကဏ္ဍတစ်ခုချင်းစီကိုလည်း ဝိုင်းဝန်းကြိုးစားဖြေရှင်းကြလျက် ရှေ့ခရီး ဆက်ကြရမယ့် အချိန်ဖြစ်ပါတယ်။
ဝန်ကြီးဌာနအသီးသီးအနေနဲ့လည်း တော်လှန်ရေးအတွက် ဦးစားပေးလုပ်ငန်းစဥ်များကို ပိုမိုအားစိုက်အချိန်ပေးရမှာ ဖြစ်သလို ပြည်သူတွေအတွက် လိုအပ်ချက်အရ မဖြစ်မနေ အချိန်ပေး စီမံလုပ်ဆောင်ပေးကြရမယ့် လုပ်ငန်းတွေလည်း ရှိတာဖြစ်တဲ့အတွက် ရှိတဲ့ အချိန်အရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ် တွေကို စနစ်တကျ စီမံခန့်ခွဲရင်း လုပ်ဆောင်ကြရဖို့ မှာကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသွားသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *