မိုးမိတ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်

မိုးမိတ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်

မိုးမိတ်မြို့ကို သိမ်းပိုက်လိုက်ကြောင်း TNLA ထုတ်ပြန်
 ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို သိမ်းယူလိုက်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့က လက်ကျန်စစ်ကောင်စီတပ်စခန်း စကခ (၂)၊ ခလရ (၃၄၈)နဲ့ မိုးမိတ်ဗျူဟာကုန်းတွေကို ဇူလိုင်လ ၃၁ ရက်နေ့ မနက်က သိမ်းပိုက်နိုင်ခဲ့တာလို့ TNLA က ပြောပါတယ်။
မိုးမိတ်မြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
တိုက်ပွဲဖြစ်ခဲ့တဲ့ မိုးမိတ်ဗျူဟာကုန်းနဲ့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က Y12 လေယာဉ်နဲ့ ဗုံး ၅၉ လုံး လာရောက်ကြဲချခဲ့ကြောင်းလည်း TNLA ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
အလားတူ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ ဇူလိုင် ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်လကျော်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းယူထားပါတယ်။
ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *