ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီများပြတ်လပ်နေပြီး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကားများ ဆီရရန် စက်သုံးဆီဆိုင်များတွင် ကြိတ်ကြိတ်တိုး တန်းစီနေရ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီများပြတ်လပ်နေပြီး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကားများ ဆီရရန် စက်သုံးဆီဆိုင်များတွင် ကြိတ်ကြိတ်တိုး တန်းစီနေရ

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီများပြတ်လပ်နေပြီး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကားများ ဆီရရန် စက်သုံးဆီဆိုင်များတွင် ကြိတ်ကြိတ်တိုး တန်းစီနေရ
ရန်ကုန်၊ ဩဂုတ် ၁
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီများပြတ်လပ်နေပြီး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကားများ ဆီရရန် စက်သုံးဆီဆိုင်များတွင် ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“ဒီနေ့တော့ ရန်ကုန်မှာ စက်သုံးဆီပြတ်တာ အခြေအနေဆိုးတယ်။ 92 မရဘူး၊ 95 မရဘူးဆိုတဲ့ ဆိုင်တွေ တော်တော်များတယ်။ တချို့ဆိုင်တွေက နေ့လယ်လောက်မှ ဖွင့်မယ်ပြောတယ်။ ရတဲ့ဆိုင်တွေမှာလည်း ကားတွေ တန်းစီနေတာ တသီတတန်း ကြီးပဲ။ မနေ့က ထက် အခြေအနေပိုဆိုးလာတယ်။ အရင်နေ့တွေကတောင် အဲဒီလောက်မဆိုးဘူး” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။
ထို့အတူ နေပြည်တော်တွင်လည်း စက်သုံးဆီများရရှိရန် ယမန်နေ့ညနေပိုင်း၊ ယနေ့နံနက်ပိုင်းတို့တွင် ကားများ အလွန်ရှည်လျားစွာ တန်းစီနေရကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီများကို ကန့်သတ်ရောင်းချမှုများရှိနေကြောင်း နေပြည်တော်မှ ပြည်သူများက ဆိုကြသည်။
“နေပြည်တော်ဆီဆိုင်တွေမှာလည်း 92 ဓာတ်ဆီကို သုံးသောင်းဖိုးပဲရောင်းတယ်။ ဆီကားအဝင်နောက်ကျမယ်ဆိုလို့ အားလုံးရအောင် မျှပြီး ရောင်းပေးတယ်လို့ ဆိုင်ဘက်က ပြောတယ်။ ဆီကားဝင်ရင် ဖုန်းပြန်ဆက်ပေးမယ်၊ ဆီတိုင်ကီအပြည့်ရောင်းပေး မယ်ဆိုလို့ ဖုန်းနံပါတ်ပေးခဲ့လိုက်တယ်” ဟု နေပြည်တော် Max ဆီဆိုင်တွင် ဆီထည့်ခဲ့သူ ပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ စက်သုံးဆီပြတ်လပ်မှု အဆိုးဝါးဆုံးဖြစ်နေသည့် နေရာမှာ မန္တလေးမြို့တွင်ဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းကတည်းက ဆိုင်ကယ်များ၊ သုံးဘီးများ၊ ကားများ ဆီဆိုင်တိုင်းလိုလိုတွင် တိုးဝှေ့နေရကြောင်း၊ ဆီများကို ဆီဆိုင်တိုင်းတွင် အကန့် အ သတ် ဖြင့်သာ ရောင်းချပြီး ပြင်ပ ဆီဆိုင်များမှ ဆိုင်ကယ်ဆီထည့်နေရကြောင်း မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်ကောင်စီကမူ လက်ရှိ ဆီဝယ်ယူရန် အခက်အခဲဖြစ်နေရခြင်းမှာ စက်သုံးဆီ ပြတ်လပ်ခြင်းကြောင့် မဟုတ်ဘဲ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေး နှောင့်နှေးနေခြင်းဖြစ်ကြောင့် ဖြစ်ကြောင်း ၊ ပြည်တွင်းတွင် စက်သုံးဆီပြတ်လပ်ရန် မရှိဘဲ သီလဝါဆိပ်ကမ်း ဆီထုတ် Terminal များတွင် လုပ်ငန်းများ ရေကြီးရေလျှံမှုကြောင့် နှောင့်နှေးနေခြင်းသာဖြစ်ကြောင်း၊
တချို့ဒေသများတွင် လမ်းခရီးအခြေအနေတွေအရ ဆီဘောက်ဆာတွေ ရောက်ရှိရန် အနည်းငယ်နှောင့် နှေးကြန့်ကြာမှုများ ရှိနိုင်ကြောင်း၊ စက်သုံးဆီများ ဖူလုံစွာ ရရှိရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ပြောဆိုထားသည်။
ရန်ကုန်စက်သုံးဆီစျေးနှုန်းများမှာ 92 ဓာတ်ဆီ တစ်လီတာ ၂၆၃၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၇၅၀ ကျပ် ဖြစ်ပြီး မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာ ၂၇၁၀ ကျပ်၊ 95 ဓာတ်ဆီ တစ်လီတာ ၂၈၃၀ ကျပ် စစ်ကောင်စီက သတ်မှတ်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်နှင့်မန္တလေးတွင် ယနေ့ နံနက်အစောပိုင်း စက်သုံးဆီရရှိရေး ယာဉ်များ ကြိတ်ကြိတ်တိုး တိုးဝှေ့ တန်းစီနေကြရစဉ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *