YBS နဲ့ စက်ရုံဖယ်ရီ တိုက်မိလို့ တစ်ယောက်သေဆုံးပြီး အယောက် ၃၀ကျော် ဒဏ်ရာရ

YBS နဲ့ စက်ရုံဖယ်ရီ တိုက်မိလို့ တစ်ယောက်သေဆုံးပြီး အယောက် ၃၀ကျော် ဒဏ်ရာရ

YBS နဲ့ စက်ရုံဖယ်ရီ တိုက်မိလို့ တစ်ယောက်သေဆုံးပြီး အယောက် ၃၀ကျော် ဒဏ်ရာရ
ဩဂုတ် ၁၊ ၂၀၂၄
ရန်ကုန်မြို့၊ ထောက်ကြန့်အနီးမှာ YBS ယာဉ်နဲ့ ဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် တစ်ယောက်သေဆုံးပြီး အယောက် ၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေထံက သိရပါတယ်။
မနေ့က ဇူလိုင် ၃၁ ရက် ညပိုင်းမှာ ထောက်ကြန့်မြို့နယ်၊ နွယ်ခွေလမ်းမကြီးပေါ်က CNG ဂတ်စ်ဆိုင်အနီး YBS (35) ခရီးသည်တင်ယာဉ်နဲ့ အထည်ချုပ်စက်ရုံတစ်ခုက ဝန်ထမ်းတွေလိုက်ပါလာတဲ့ ဖယ်ရီကား မျက်နှာချင်းဆိုင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဖယ်ရီယာဉ်ပေါ်က အယောက် ၃၀နဲ့ YBS (35) ပေါ်က ခရီးသည်တစ်ယောက်၊ စုစုပေါင်း ၃၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဖယ်ရီယာဉ်မောင်းကတော့ ဆေးရုံရောက်ချိန်မှာ သေဆုံးသွားခဲ့ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံနဲ့ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပုလဲမြို့နယ် အရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *