ထန်တလန်ရှိ စစ်ကောင်စီ​၏ ခလရ(၂၆၉)တပ်စခန်း ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

ထန်တလန်ရှိ စစ်ကောင်စီ​၏ ခလရ(၂၆၉)တပ်စခန်း ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်

ထန်တလန်ရှိ စစ်ကောင်စီ​၏ ခလရ(၂၆၉)တပ်စခန်း ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက်
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီ တပ်စခန်းကုန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များက ယနေ့ သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ အဓိက တပ်စခန်းကုန်းဖြစ်သည့် ခလရ(၂၆၉) တပ်စခန်းကို ယနေ့ (ဩဂုတ် ၅ရက်)တွင် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သတင်းများအပေါ် ဆလိုင်းထက်နီက မှန်ကန်ကြောင်း People’s Springသို့ အတည်ပြုဖြေကြားသည်။
စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးဆောင်ရွက်မှု၊ လက်နက်ခဲယမ်းရရှိမှု၊ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးနှင့် သုံ့ပမ်းများ ဖမ်းမိခြင်းရှိ၊မရှိ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ချင်းပြည်ကောင်စီ ပူးပေါင်းတပ်သည် ဇူလိုင်လကုန်ပိုင်းက ထန်တလန် – ဟားခါးမြို့နယ်ကြားရှိ အော်တိုတောင်ကုန်းစခန်းအပါအဝင် တပ်စခန်း ၆ခုကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
ဟားခါး – ထန်တလန်ကြား စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဇူလိုင် ၂၂ရက်မှ ၂၈ရက်အထိ တစ်ပတ်ကြာဆင်နွှဲခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့သည်။
(ထန်လတန်မြို့နယ်ရှိ စစ်ကောင်စီစခန်းကုန်းတစ်ခုအား ချင်းပူးပေါင်းတပ်က ပြီးခဲ့သည့် ဇူလိုင်အတွင်းက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CIC)
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *