ကျပ် ၂၀၀၀၀ တန် ကောလဟာလသတင်းတွေဖြင့် အတက်ကြမ်းခဲ့တဲ့ ပြည်တွင်းရွှေစျေး ဖြေးဖြေးချင်း ပြန်ကျလာခဲ့ရာ ဒီကနေ့မှာ ကျပ် ၆၈ သိန်းအောက်ကို ဆင်းသွားခဲ့ပါပြီ။
ရွှေအသင်းစျေးကတော့ အနည်းငယ်တက်လာခဲ့ကာ YGEA တာဝန်ရှိသူတွေက ရည်ညွှန်းစျေး မရောင်းချတဲ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ် အတိအကျကို နေပြည်တော်ကို ပို့ရကြောင်းပါ အသိပေးချက် ထုတ်ပြန်ထားပါတယ်
ယနေ့ ပြည်တွင်းရွှေဈေး (ဩဂုတ်လ ၅ ရက်၊ တနင်္လာနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၄၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၉၁၄၃၅ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၆၇၆၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၆၅၆၀၀၀၀ ကျပ်