နွားထိုးကြီးမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၃၀ကျော်tay၊ ၃ဦးအရှင်ဖမ်းထားပြီး tayနတ်၂၇လက်သိမ်းနိုင်ခဲ့

နွားထိုးကြီးမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၃၀ကျော်tay၊ ၃ဦးအရှင်ဖမ်းထားပြီး tayနတ်၂၇လက်သိမ်းနိုင်ခဲ့

နွားထိုးကြီးမြို့သိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၃၀ကျော်သေ၊ ၃ဦးအရှင်ဖမ်းထားပြီး သေနတ်၂၇လက်သိမ်းနိုင်ခဲ့
ဩဂုတ် ၁၂
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်က အကြမ်းဖက်စစ်တပ်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦးနဲ့အတူ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDFကသတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းက စတင်ပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် နွားထိုးကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲ ထားရာ ဆောက်လုပ်ရေးရုံး စစ်တပ်စခန်း၊ ဘဏ်ရုံးစောင့်စစ်တပ်စခန်း၊
ဂက်စစ်ပိုက်လိုင်းစောင့် စစ်တပ်စခန်းနဲ့ လဝကရုံးနောက်ကျောရှိ အေးချောင်းထဲမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃ ဦး နဲ့အတူ လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။
“အောင်မြင်တဲ့ မြို့သိမ်းမစ်ရှင်ပေါ့ဗျာ။ တိုက်တယ်၊ သိမ်းစရာရှိတာသိမ်းပြီး ပြန်ဆုတ်ပေးလိုက်တယ်။ ပြန့်မှာ မြို့ကို အကြာကြီးထိန်းချုပ်ဖို့ဘယ်လွယ်မလဲ။ အခုက မြင်းခြံခရိုင်အတွင်း တပ်ပေါင်းစုအနေနဲ့ အထူးစစ်ဆင်ရေးလုပ်နေတာ။ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမှာ တပြိုင်ထဲ ပွဲတွေကနေပါတယ်”လို့ခရိုင်ပကဖတာဝန်ရှိသူတဦးကပြောပါတယ်။
တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု အလွန် အကျွံအသုံးပြုခဲ့ပြီး မြို့ပေါ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ဒါ့အပြင် အကြမ်းဖက် စစ်သား အင်အား အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာပြီး ညပိုင်းတွင် ပြန်လည်ဝင်ရောက်တပ် စွဲခဲ့ထားတယ်လို့သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း Natogyi People Defence Force ၊ မြင်းခြံ ခရိုင်အမှတ် ၈ တပ်ရင်း ၊ နွားထိုးကြီးမြို့နယ် ပကဖ ၊ တံတားဦးမြို့နယ်ပကဖနဲ့မြင်းခြံခရိုင်ဒရုန်း တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့ဆိုပါ
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *