ဆိုင်ကယ်တစ်စီးဖြင့် မိသားစုဝင်ကို စစ်ဘေးလွတ်ရာ ခေါ်ဆောင်ရင်း ယာဉ်မတော်တဆဖြစ်ပြီး ဖခင်တစ်ဦး အသက်ဆုံးရှုံး

ဆိုင်ကယ်တစ်စီးဖြင့် မိသားစုဝင်ကို စစ်ဘေးလွတ်ရာ ခေါ်ဆောင်ရင်း ယာဉ်မတော်တဆဖြစ်ပြီး ဖခင်တစ်ဦး အသက်ဆုံးရှုံး

Unicode

ဆိုင်ကယ်တစ်စီးဖြင့် မိသားစုဝင်ကို စစ်ဘေးလွတ်ရာ ခေါ်ဆောင်ရင်း ယာဉ်မတော်တဆဖြစ်ပြီး ဖခင်တစ်ဦး အသက်ဆုံးရှုံး

21 July 2024 (11:08 AM)
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ တိုက်ပွဲကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်ဘဝရောက်ခဲ့ရပြီး မိမိတို့၏ မိသားစုဝင်များကို ဘေးလွတ်ရာသို့ နည်းလမ်းအမျိုးမျိုးဖြင့် ပြောင်းရွေ့ခဲ့ရသည်။

ထို့အထဲတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေ(၅)နာရီခန့်တွင် လားရှိုးမြို့မှ နမ့်လန်မြို့သို့ မိသားစုဝင်(၃)ဦး ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးတိမ်းရှောင်လာစဉ် သီပေါ-နမ့်လန်ကားလမ်း နမ့်ရမ်းကျေးရွာအဝင်အရောက်၌ တွဲကားဖြင့် မတော်တဆ တိုက်မိခဲ့သည်။

အဆိုပါမတော်တဆမှုကြောင့် ဆိုင်ကယ်မောင်းသော ဖခင်ဖြစ်သူအမျိုးသားတစ်ဦး အဆိုပါနေရာတွင်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဒါ့အပြင် မိခင်ဖြစ်သူအမျိုးသမီးသည်လည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားဖြစ်သည်ဟု သိရသည်။
crd

Zawgyi


21 July 2024 (11:08 AM)


crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *