ရွှေစျေးနောက် လိုက်တက်လာတဲ့ ကန်စွန်းရွက်နဲ့ ဖြုတ်သိမ်းလာတဲ့ ကုန်စုံဆိုင်၊ စားသောက်ဆိုင်များ

ရွှေစျေးနောက် လိုက်တက်လာတဲ့ ကန်စွန်းရွက်နဲ့ ဖြုတ်သိမ်းလာတဲ့ ကုန်စုံဆိုင်၊ စားသောက်ဆိုင်များ

အမေရိကန်ဒေါ်လာနဲ့ ရွှေစျေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာချိန် ရန်ကုန်မှာ ကန်စွန်းရွက်တစည်းကို ကျပ် ၁၀၀၀ ကျော်လာပြီး အခြေခံစားသောက်ကုန်တွေလည်း နေ့စဉ်‌ ဈေးတက်နေပါတယ်။

ပြင်ပသွင်းကုန်တွေ ဆက်တိုက် တက်နေတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာနေပြီး ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀ ကျော်လောက်ပေးနေရပါပြီ။ ဒါ့အပြင် စျေးကွက်မှာ ဝယ်လိုအားများတဲ့ တခြားကုန်စ္စည်းတွေဖြစ်တဲ့ ကြက်ဥ၊ ခေါက်ဆွဲတွေလည်း စျေးတက်လာပါတယ်။

မျက်လုံးခေါက်ဆွဲထုပ်တထုပ် ၁,၅၀၀ ကျပ်၊ ယိုးဒယား ချဉ်စပ်ခေါက်ဆွဲဘူး ဆိုရင်လည်း ၂,၀၀၀ ကျော်သွားပြီ။ အချိုရည်တွေလည်း နေ့တိုင်း ဈေးတက်နေလို့ ဆိုင်တွေက တင်မရောင်းတော့တာတွေ ရှိလာပါတယ်။

 

ကုမ္ပဏီချဈေးတွေကိုက တည်ငြိမ်မှုမရှိဘဲ အတက်ပဲ ရှိနေကာ တခေါက် လာချရင် တခါတက်ရာကနေ အမှာစာတောင် မပို့ရခင် ဈေးက တက်နေတာကြောင့် ဆိုင်ပါ ခဏပိတ်ထားရတယ်လို့ အင်းစိန်မြို့နယ်က ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရန်ကုန်ကို ဂေါ်ဖီထုပ် အဝင်နည်းတာကြောင့် ဂေါ်ဖီထုပ်အကြီး တထုပ်ကို ကျပ် ၁၀,၀၀၀ လောက်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါသေးတယ်။

 

လက်ရှိမှာ ဆန်ဈေးကြီးမြင့်မှု၊ စားသုံးဆီဈေး ကြီးမြင့်မှု၊ စက်သုံးဆီဈေးကြီးမြင့်မှု၊ ကုန်စိမ်း၊ အသား ငါး ဈေးနှုန်းကြီးမြင့်မှုတွေက ပြည်သူတွေရဲ့ လူနေမှုဘဝကို ကြီးကြီးမားမား ခြိမ်းခြောက်နေသလို ဂတ်စ်တွေပါ ဝယ်ယူမရတာကြောင့် စားသောက်ဆိုင်လုပ်ငန်းတွေလည်း ရပ်တည်ဖို့ ခက်ခဲလာနေတာဖြစ်ပါတယ်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *