MOGE ရေနံမှော်ကင်းစခန်းအား ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်၊ စစ်ကောင်စီ ၁၂ ဦး tay၊ ၁၂ ဦး ဖမ်းဆီးရမိ

MOGE ရေနံမှော်ကင်းစခန်းအား ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်၊ စစ်ကောင်စီ ၁၂ ဦး tay၊ ၁၂ ဦး ဖမ်းဆီးရမိ

MOGE ရေနံမှော်ကင်းစခန်းအား ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်၊ စစ်ကောင်စီ ၁၂ ဦး tay၊ ၁၂ ဦး ဖမ်းဆီးရမိ
=============
၁၆ ၊ဩဂုတ် ၊၂၀၂၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျောတိုက်နယ်အ တွင်းစစ်ကောင်စီလက်အောက်ခံ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းအား ယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၅ ရက်မှာ သိမ်းပိုက်ခဲ့တယ်လို့အမှတ် ၁ စစ်ဒေသ သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နဲ့ ဒု-ရဲအုပ် ကိုကိုအောင် အပါ အ၀င် ၁၂ ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာခံဗိုလ် ဝင်းမြင့်ထွန်းအပါအ၀င် ၁၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက “အချိန်တစ်ခုထိသေချာ ပြင်ဆင်ပြီးမှတိုက်စစ်ဆင်ခဲ့တာပါ၊ရေနံမြေကင်းစခန်းနှစ်ခုကို ၁၅ ရက် မနက် ၅ နာရီခွဲအချိန်စတိုက်တယ်ဗျ၊၁၂ ခွဲမှာစခန်းတခုရတယ်၊တစ်နာရီခွဲမှာ နှစ်ခုလုံးကိုအပြီးသတ်နိုင်တယ်ဗျ၊တိုက်ပွဲမှာ ရဲဘော်တစ်ယောက်ကျဆုံးပြီးတစ်ယောက်ဒဏ်ရာရတယ်ဗျ”လို့ Zalen ကိုပြောပါတယ်။
အဆိုပါ ကင်းစခန်းနှစ်ခုသိမ်းတဲ့ တိုက်ပွဲကိုဂန့်ဂေါခရိုင်ကွပ်ကဲရေးရုံး၏ကွပ်ကဲမှုဖြင့်ဂန့်ဂေါခရိုင်တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက် ခိုက် သိမ်းပိုက်ခဲ့တာလို့သိရပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီထံမှ လက်နက်မျိုးစုံ အ လက် ၃၀၊ ကျည်မျိုးစုံအတောင့် ၂၆၀၀ ကျော်၊ မိုင်း ၇ လုံး၊ ဗုံးသီး ၆ လုံး နှင့် စစ်သုံးပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။
MOGEရေနံမှော်ကင်းစခန်းသိမ်းတိုက်ပွဲအတွင်းယောကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့သိရပါတယ်။
ယောနေ
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *