စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ် ထပ်မံမြင့်တက်သွားပြီး ကားများ ဆီရရှိရန် ညအိပ် တန်းစီဝယ်ယူနေရဆဲဖြစ်ကာ ဆီပြဿနာ မပြေလည်သေး

စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ် ထပ်မံမြင့်တက်သွားပြီး ကားများ ဆီရရှိရန် ညအိပ် တန်းစီဝယ်ယူနေရဆဲဖြစ်ကာ ဆီပြဿနာ မပြေလည်သေး

စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ် ထပ်မံမြင့်တက်သွားပြီး ကားများ ဆီရရှိရန် ညအိပ် တန်းစီဝယ်ယူနေရဆဲဖြစ်ကာ ဆီပြဿနာ မပြေလည်သေး
ဩဂုတ် ၁၈
မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့ စက်သုံးဆီစျေးနှုန်းများ ဒုတိယအကြိမ်အဖြစ် မြင့်တက်သွားပြီး ဆီလိုသလောက် ဝယ်ယူမရသေးဘဲ ညအိပ် တန်းစီ ဝယ်ယူနေရဆဲဖြစ်ကြောင်း ရန်ကုန်မှ ကားသမားများက ပြောဆိုကြသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် 92 ဓာတ်ဆီစျေးနှုန်းမှာ တစ်လီတာလျှင် ငွေကျပ် ၉၀ တက်သွားပြီး ယခုအခါ 92ဓာတ်ဆီ တစ်လီတာလျှင်ငွေကျပ် ၂၉၉၀ ကျပ်၊ 95 ဓာတ်ဆီမှာမူ တစ်လီတာလျှင် ၉၅ ကျပ်တက်သွားပြီး ယခုအခါ 95 ဓာတ်ဆီ တစ်လီတာလျှင် ငွေကျပ် ၃၁၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး စျေးနှုန်းမှာမူ တစ်လီတာလျှင် ငွေကျပ် ၆၀ ကျပ်တက်သွားပြီး တစ်လီတာလျှင် ၂၆၂၀ ကျပ်၊ ဒီဇယ်အသန့် တစ်လီတာလျှင် ငွေကျပ် ၉၅ ကျပ်တက်သွားပြီး တစ်လီတာလျှင် ငွေကျပ် ၃၂၁၀ ကျပ်ရှိကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၆ ရက်နေ့ ပထမအကြိမ်အဖြစ် စက်သုံးဆီစျေးနှုန်းများ မြင့်တက်ခဲ့ရာတွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၁၅၀ ကျပ် ၊ 95 တစ်လီတာလျှင် ၁၅၅ ကျပ် ၊ ဒီဇယ်က ရိုးရိုး တစ်လီတာလျှင် ၁၁၀ ကျပ် ၊ ဒီဇယ်အသန့် တစ်လီတာလျှင် ၁၇၀ ကျပ်စျေးနှုန်းများ အသီးသီးမြင့်တက်ခဲ့သည်။
“ဒီနေ့လည်း ဆီစျေးတွေ ထပ်တက်တယ်။ ဆီကအရမ်းကြီးတော့ အဆင်မပြေသေးဘူး။ တန်းစီနိုင်ရင်တော့ ရတယ်ပြောရမယ်။ ဆီစျေးတွေတက်တော့ သယ်ယူပို့ဆောင်ရေးတွေလည်း စျေးတွေ တအားထိုးတက်နေတယ်” ဟု ရန်ကုန်မှ တက္ကစီယာဉ်မောင်းတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီးများအားလုံးတွင် စက်သုံးဆီ ပြဿနာမှာ ပြေလည်ခြင်းမရှိသေးဘဲ ဆက်လက် ဆိုးရွာစွာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ပြီး စက်သုံးဆီ ပြတ်လပ်မှု ပြဿနာများကြုံနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *