Breaking News ဒီပဲယင်းမြို့ကိုPDF များသိမ်းပိုက်

Breaking News ဒီပဲယင်းမြို့ကိုPDF များသိမ်းပိုက်

Breaking News ဒီပဲယင်းမြို့ကိုPDF များသိမ်းပိုက်
သားကြီး/People’s Spring
ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေရာ နှစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး
တမြို့လုံးအား သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“မနေ့ညက ရတာပါ။ မိုးတွေအရမ်းသည်းနေချိန် တိုက်ပွဲခဏရပ်တုန်း အကုန်ထွက်ပြေးတာ။ အရှင်မိတွေလည်း ရှိပါတယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” တစ်မြို့လုံးရပါပြီ။ အုပ်ချုပ်ရေးလုပ်ငန်းတွေ စ‌ပါမယ်”ဟု ယနေ့(ဩဂုတ်လ ၁၈ရက်)နံနက် ၈နာရီခန့်၌ ပြောသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော Y12 လေယာဉ်ဖြင့်ပါပစ်ကူ​ပေးဗုံးကြဲ တိုက်ခိုက်ခဲ့သည်။တိုက်ပွဲအတွင်း ဒီပဲယင်းမြို့သို့ ရေဦးမြို့ဘက်မှ စစ်ကူလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။ ဩဂုတ်လ ၁၇ရက်ညတွင်သိမ်းယူနိုင်ခြင်းဖြစ်ရာ မြို့သိမ်းတိုက်ပွဲ နှစ်ရက် ကြာခဲ့သည်။
တိုက်ပွဲကြောင် ဒီပဲယင်း-ရေဦးလမ်းတစ်လျှောက်မှ ကျေးရွာများ ယာယီတိမ်းရှောင်နေကြရသည်။
ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊
အမှတ်(၁) စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ဒီပဲယင်း၊ ရေဦး၊ ဘုတင်လင် ပကဖများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်း အင်းတော်နှင့် ပင်လည်ဘူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *