ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ခန့် tay၊ အလံဖြူထောင်အလင်းဝင်လာသူ ၁၀၀ကျော်ရှိ

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ခန့် tay၊ အလံဖြူထောင်အလင်းဝင်လာသူ ၁၀၀ကျော်ရှိ

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၂၀ခန့် သေ၊ အလံဖြူထောင်အလင်းဝင်လာသူ ၁၀၀ကျော်ရှိ
မြို့အားထိန်းချုပ်ထားပြီး တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံး၊ စစ်သားနှင့်ပျူများ ထွက်ပြေး
သြဂုတ် ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အလံဖြူထောင် အလင်းဝင်လာသူ ၁၀၀ကျော်ရှိပြီး လက်ရှိတွင် မြို့အား တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က အသိပေးထုတ်ပြန်သည်။
အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ရွှေဘိုခရိုင်ပကဖ၊ဒီပဲယင်းမြို့နယ် ပကဖ ဘုတလင်မြို့နယ် ပကဖတို့က ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းများအား ယနေ့နံနက် ၆နာရီ၄၅မိနစ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု စစ်ကိုင်းတိုင်း ပကဖက အသိပေးသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားပြီး အလံဖြူထောင်လက်လက်ချအလင်းဝင်လာသူ ပျူစောထီးနှစ်ဦး၊ Non CDM ဝန်ထမ်း ၄၁ဦးနှင့် မိသားစုဝင် ၈၀ဦး စုစုပေါင်း ၁၂၃ဦး ရှိကြောင်း ထပ်မံအသိပေးထားသည်။ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ အသိပေးထုတ်ပြန်ချက်တွင် မြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ၏ ဓာတ်ပုံပါ ဖော်ပြထားသည်။
ရေဦးမြို့မှ ထွက်လာသည့် စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းကိုလည်း ရေဦးနှင့် ဒီပဲယင်း ပကဖတပ်ဖွဲ့ဝင်များက ထိရောက်စွာ တားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေကြောင်းလည်း ထပ်မံအသိပေးထားသည်။
ထို့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၂၀ခန့် သေဆုံးကြောင်း ဒီပဲယင်းမြို့နယ် ပကဖမှစစ်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ဒီပဲယင်းမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား အလုံးစုံသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားသော နေရာများအား တိုက်ခိုက်ချိန်တွင် လေကြောင်းတိုက်ခိုက်မှုရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပကဖမှစစ်ရေးတာဝန်ခံက ပြောသည်။
“ဌာန‌ပေါင်းစုံ အလုံးစုံ အကုန်‌သိမ်းပြီးသွားပြီ။ သေတာ ခန့်မှန်းခြေက နှစ်ဆယ်ထက်မနည်းဘူး”ဟု ၎င်းက ပြောသည်။
ထို့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဒီပဲယင်းမြို့အား သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း မြို့နယ်အတွင်း၌ စိုင်းပြင်နယ်မြေရဲစခန်း ကျန်ရှိနေသေးသည်ဟု 96 Siolders PDF(အညာ​ဒေသ)တပ်ခွဲ​​မှ စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောသည်။
“လောလောဆယ် စစ်ကိုင်းတိုင်းအောက်ဘက်ခြမ်းမှာ ပထမဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်တယ်။ကောလင်းပြီးရင် ဒုတိယသိမ်းနိုင်တဲ့မြို့ဖြစ်တယ်။ ဒီပဲယင်းက သမိုင်းအစဉ်အလာကြီးတဲ့မြို့လည်းဖြစ်တယ်။ တိုင်းပြည်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလုပ်ကြံခံရတဲ့ မြို့လည်းဖြစ်တယ်။ အဲဒီမြို့ကို ကျွန်တော်တို့ဘက်ကရခဲ့တာကိုး ။ ဘာပဲဖြစ်ဖြစ် သမိုင်းကြွေးဆပ်နိုင်တယ်လို့ပြောလို့ရတယ်”ဟု ရဲဘော်မန်းလေးက ပြောသည်။
၂၀၀၃ ခုနှစ် ​မေလ ၃၀ ရက်တွင် ဒီပဲယင်းမြို့နယ် ကြည်ရွာအနီး၌ စစ်အစိုးရ၏ အစီအစဥ်ဖြင့် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ အသင်းဝင်များ ၊ ​ထောင်သားများအပါအဝင် စွမ်းအားရှင်ဟုဆိုသူများ ပါဝင်သည့် ရာနှင့်ချီ​​သောလူအုပ်ကြီးက အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်ပါတီ (NLD) ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ပါ​သော ယာဥ်တန်းကို တိုက်ခိုက်လုပ်ကြံသတ်ဖြတ်ရာ ယာဥ်တန်းဖြင့် လိုက်ပါလာ​သူ ၇၀ ​ကျော်​သေဆုံးခဲ့သည်။
ထိုဖြစ်စဥ်​ကြီးကြောင့် ဒီပဲယင်းလုပ်ကြံမှုမှာ နာမည်ဆိုးဖြင့်​ လူသိများခဲ့သည်။ လုပ်ကြံမှုတစ်ခုလုံးစီစဥ်ခဲ့​သော စစ်တပ်က အချင်းချင်းလွှဲချ ​ခေါင်း​ရှောင်​နေကြပြီး ကျူးလွန်သူများကို ယ​နေ့အထိအ​ရေးမယူနိုင်​သေး​ပေ။ ထိုလုပ်ကြံမှုကြီး​နောက်ကွယ်တွင် စစ်အစိုးရ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ နှင့်စစ်ခါင်း​ဆောင်များ အဓိကတာဝန်ရှိ​ကြောင်းနိုင်ငံ​ရေး​လေ့လာသူအချို့က​ပြောသည်။
People’s Spring ၏ အချက်အလက်စု​ဆောင်းထားမှုအရ ​နွေဦး​တော်လှန်​ရေးတွင် ဒီပဲယင်းမြို့သည် ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့​သော ၇၈ မြို့​မြောက် မြို့ဖြစ်လာပြီး စစ်ကိုင်းတိုင်း​အောက်ပိုင်းတွင် ပထမဆုံးသိမ်းပိုက်နိုင်​သောမြို့ဖြစ်သည်။​တော်လှန်​ရေးတပ်များက သိမ်းပိုက်ပြီး​သော်လည်းသတင်းမထုတ်ပြန်​​​သေး​သောမြို့များကျန်ရှိနိုင်​သေးသဖြင့် သိမ်းပိုက်ထိန်းချုပ်ပြီးမြို့​မှာ ​မြေပြင်တွင် ၇၈မြို့ထက်ပင်များနိုင်ပါသည်။
crd
ရုပ်သံ – ပေးပို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *