ညဘက် ဘုရားရှစ်ခိုးနေတုန်း အိမ်မြှောင်စုတ်ထိုးပြီဆိုရင် မကြာခင် ဒါတွေဖြစ်လာတော့မှာပါ…

ဗဟုသုတ အနေနဲ့ပါ။အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။

ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်း ဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။

မိဘနဲ့သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက် ဆံရေးမှာ လိုက်လျောမှုမရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။

ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်းနားမခံသာ။

နတ်တို့ နားမခံသာလို့ရှောင်သွားခြင်း သို့မဟုတ် လက်ပိုက်ကြည့်နေမည်ဆိုပါက အဲဒီအိမ်စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်သည် မဆက်ဆံချင်ဖြစ်တတ်သည်။

လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ်ရေးလည်း ရှိပါတယ်။

လူလူချင်း အုပ်ချုပ်တဲ့ လူ မင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူကို အုပ်ချုပ်တဲ့ နတ်မင်းများကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။

လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။

အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။”အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။

ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်းကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။

ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။

သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။

သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။

သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက် လာလျှင် စီးပွားရေးအဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။

သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။

အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးမှာ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။

အချို့အိမ် ဆန်အိုးဆန်မလျှော့ ဆီအိုး ဆီမလျှော့ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။

တစ်ခါတစ်ရံသူထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ်။

နတ်မတယ်ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။

အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။ အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။

အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့။

ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ်။

လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။

အိမ်မြောင်ကျနိမိတ်များ

အိမ်မြောင်၊ကြွက်၊ကင်းလိပ၊်ပုတ်သင်၊ငှက်စသည့်တိရိစ္ဆာန်များမွန်းလွဲပိုင်း၌ မိမိအနီးဝန်းကျင်သို့ပြုတ်ကျလာခြင်းကို နိမိတ်ယူခြင်းဖြစ်သည်။

နေမွန်းမတည့်မီအချိန်ကိုအကျိုးအပြစ်မဆိုပါ။

~ မိမိရှေ့သို့ကျလျှင်လာဘကြီးရအံ့။

~ နောက်၌ ကျလျှင်အောင်မြင်အံ့။

~ လက်ျာဘက်သို့ကျလျှင် အပုူဇော်ခံရအံ့။

~ လက်ဝဲဘက်သို့ကျလျှင်ငြင်းခုန်ခိုက်ရန်ပွားအံ့။

~ လက်ဝဲလက်ပေါ်ကျလျှင် အနှောင်အဖွဲ့ခံရအံ့။

~ လက်ျာလက်ပေါ်ကျလျှင် အစားကောင်းရအံ့။

~ ပုခုံး၊လက်ရုံးထက်ကျလျှင်ကြီးသူနှင့်ကွေကွင်းအံ့။

~ လက်ဝဲခြေဖမိုးပေါ်ကျလျှင် အမျက်ပွားအံ့။

~ လက်ျာခြေဖမိုးပေါ်ကျလျှင် ချစ်သူရအံ့။

~ ခြေသလုံးထက်ကျလျှင် မြတ်သောလာဘ်ရအံ့။

~ ပေါင်ထက်ကျလျှင် သားကောင်းရအံ့။

~ ခါးထက္က်လွ်င္အဝတ္ပုဆိုးရအံ့။

~ ချက်ပေါ်ကျလျှင်အစာရေစာပေါများအံ့။

~ ရင်ထက်ကျလျှင်ရွှေငွေရတနာရအံ့။

~ သားမြတ်ထက်ကျလျှင် သမီးကညာဝင်အံ့။

~ လည်ထက်ကျလျှင် အဘိုးထိုက်ရတနာဝတ်ရအံ့။

~ မေး၊မုတ်ဆိတ်ထက်ကျလျှင် ဇနီး/ခင်ပွန်းရအံ့။

~ ပါး၊နားပေါ်ကျလျှင်ငယ်သူနှင့်ကွေကွင်းအံ့။

~ ဦးခေါင်းထက်ကျလျှင်အကြီးအကဲဖြစ်အံ့။

~ ကျောထက်ကျလျှင် အနာရောဂါဖြစ်အံ့။

မကောင်းသောနိမိတ်ဖြစ်ပါက နေ့မကူးမီတရော်ကင်းပွန်းဖြင့်ခေါင်းလျှော်ရေချိုးပါဟုဆိုမိန့်ခဲ့ကြလေသည်။

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

unicode

~ ခါးထက်ကျလျှင်အဝတ်ပုဆိုးရအံ့။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *