ရွှေမန်းကနောက်တနေရာ သိမ်းပြန်ပြီ

ရွှေမန်းကနောက်တနေရာ သိမ်းပြန်ပြီ

ငါန်းဇွန်မြို့နယ်၊ ငါမြာကြီး ရဲစခန်းကို သိမ်းပိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး နှင့်အတူ လက်နက် ၁၀ လက် သိမ်းဆည်း ရရှိ
ဩဂုတ် ၁၉ ရက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သားနှင့် ရဲ ၁၀ ဦး ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦးနှင့် အတူ စက်လက် ၁ လက် အပါအဝင် လက်နက် ၁၀ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တိုက်ခိုက် ရေးတာဝန်ခံ ဗိုလ် စင်္ကြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်မှ စတင်၍ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့တွင် အခြေစိုက် ထားသော နယ်မြေရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်မှုအတွင်း စစ်သုံ့ပန်း အမျိုးသား ၅ ဦး ၊ အမျိုးသမီး ၂ ဦး နှင့် အခြား စစ်လက်နက်သုံး ပစ္စည်းများသော ဖရင်းဂန်းဘောက် ၆ ဘောက်၊ ဖရင်းဂန်းစက်လက် ၁ လက်၊ G-3 သေနတ် ၅ လက် ၊ ရိုင်ဖယ် ၁ လက်၊ G-3 ကျည်ဘောက် ၇ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး၊အူစီ ၂ လက် ၊ ပစ်စတို ၁ လက်၊ G 3 ကျည် နှင့် ဖရင်းဂန်းကျည် ၅၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြာင်း သိရသည်။
“စခန်းမှာ အင်အား ၁၀ လောက်ပဲရှိတာ၊ ဝင်တိုက်တဲ့အချိန်မှာ ၁၀ ထွက်ပြေးတဲ့သူတွေလည်းရှိတယ်၊ သေဆုံးမှုကတော့ ၁၀ ဦးလောက်ရှိတယ်၊ သုံ့ပန်း ၇ ဦးနဲ့ လက်နက် ၁၀ လက်ရခဲ့တယ်၊ စခန်းကို မီးရှို့ ဖျက်စီးပြီးအားလုံးပြန်လာပြီ။ စစ်ကူကတော့ လေကြောင်းရော၊ ရေကြောင်းက တောက်လျှောက်လာ တယ်။ မြေပြင်စစ်ကူလာတာကိုတော့ ဒေသခံအဖွဲ့တွေက မိုင်းခွဲဖြတ်တောက်မှုလုပ်ပေးပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM မှ တိုက်ခိုက် ရေးတာဝန်ခံ ဗိုလ် စင်္ကြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ငါန်းမြာကြီးရဲစခန်းမှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းအမျိုးသား (၅) ၊ အမျိုးသမီး (၂) ဦး တို့ကို သက်ဆိုင် ရာ သို့အပ်နှံနိုင်ရန် ချိတ်ဆက်ထားပြီး လိုအပ်သော နေရာထိုင်ခင်း၊ အစားအသောက် နှင့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို စီစဥ်ဆောင်ရွက်ပေးထားကာ ယာယီထိန်းသိမ်းပေးထားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM ၊ မြင်းခြံခရိုင် တပ်ရင်း (၅) ၊ မြင်းခြံဟီးရိုး ၊ ငန်းနက်အဖွဲ့နှင့် Black Tiger အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *