ခရုနီ ခရိုပြာတွေ အတွက်တော့မျက်ဖြူဆိုက်ပြီလေ

ခရုနီ ခရိုပြာတွေ အတွက်တော့မျက်ဖြူဆိုက်ပြီလေ

ဂွမြို့အနီးတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာ့ အကြီးဆုံး ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း ရပ်ဆိုင်း
ဩဂုတ် ၂၁ ရက်
ရခိုင်ပြည် ဂွမြို့အနီးတွင် အာရက္ခတပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြန်မာ့ ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းသည် တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ တိုက်ပွဲများသည် ဂွမြို့အနီးကို ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးထံမှ သိရသည်။
“စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းသည် မြန်မာနိုင်ငံတွင် တစ်ခါမှ မရှိခဲ့ဖူးသော အကြီးဆုံးသော ကမ်းခြေအိမ်ရာစီမံကိန်းဖြစ်သည်ဟု Steel Stone Group က ပြောဆိုထားပြီး Steel Stone Group က ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းကို NLD အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်နေပြီး လက်ရှိတွင် စီမံကိန်း၏ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းကို အစကောင်းပြီး အနှောင်းသေချာမည်ဟု ကုမ္ပဏီဘက်က ကြွေးကြော်စည်းရုံးခဲ့သော်လည်း လက်ရှိတွင် ဖြစ်နိုင်ခြေ အလွန်နည်းသွားပြီး အိမ်ရာမြေကွက်များ ဝယ်ယူထားသူများ စိုးရိမ်လျှက်ရှိကြောင်း သိရှိရသည်။
“ဂွဘက်မှာ ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းက အခြေအနေ မကောင်းဘူးလို့ကြားတယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေကလည်း အရမ်းပြင်းထန်နေတယ်လို့ ပြောတယ်။ အိမ်ရာစီမံကိန်းက စစ်ပွဲဇုန်းထဲ ရောက်သွားပါပြီ။ ဒီအတိုင်းဆို ကျမတို့ မြေကွက်တွေက ဆုံးရှုံးရတော့မယ်နဲ့ တူပါတယ်။ ကုမ္ပဏီဘက်ကတော့ အာမခံပေးထားတာတော့ရှိတယ်။ တစ်ခုခုဖြစ်သွားရင် ပြန်လျှော်ကြေးပေးမယ်တော့ပါတော့ပေါ့။ အခု ကုမ္ပဏီဘက်ကို မေးဖို့ လုပ်နေပါတယ်။ ” ဟု Second View တွင် မြေကွက်ဝယ်ယူထားသည့် မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားပြီဆိုသည့် ဒေသခံများနှင့် အလုပ်သမားများ၏ ပြောဆိုချက်အပေါ် Steel Stone Group ကုမ္ပဏီ က တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားချက်မရရှိသေးကြောင်း၊ ၂၀၂၂ ခုနှစ် မေလတုန်းက ULA/AA ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှ မြေကွက်များကို မဝယ်ယူကြရန် ဗမာတိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများကို သတိပေးပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း AA အင်အား ကြီးထွားလာချိန် ခရိုနီစီးပွားရေးသမားများက စစ်တပ်နှင့်ပေါင်းပြီး လက်ဝါးကြီးအုပ်ထားသော မြေနေရာများကို တစ်ဖက်လှည့်ဖြင့် အကွက်ရိုက်ကာ ပြည်သူများကို ရောင်းချခြင်းဖြစ်သည်ဟု ULA/AA ထိပ်ပိုင်းခေါင်းဆောင်က ပြောဆိုဟန့်တားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရတီကမ်းခြေအိမ်ရာတွင် ကြယ်ငါးပွင့်အဆင့် နိုင်ငံတကာ အပန်းဖြေဟိုတယ်များ၊ လူနေအိမ်တည့်ဆောက်မည့် မြေကွက်များ၊ တောင်ပေါ်ဂေါက်ရိုက်လေ့ကျင့်ကွင်း၊ Club House များ၊ Swimming Pool များ၊ အစားအသောက်ဆိုင်တန်းများ၊ EDM ပွဲများကျင်းပနိုင်သည့် Private Party Area၊ Car Parking နှင့် Driving Range Area တို့ပါဝင်ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *