ဒူးဝါးကြီး💖🚩 နေရာ(၇)ခု 𝙎𝙤𝙡𝙙 𝙊𝙪𝙩✅ လွတ်မြောက်သွားပါပြီ🥰☺🫡

ဒူးဝါးကြီး💖🚩 နေရာ(၇)ခု 𝙎𝙤𝙡𝙙 𝙊𝙪𝙩✅ လွတ်မြောက်သွားပါပြီ🥰☺🫡

Unicode

ထီးချိုင့် မြတောင်ဗျူဟာအပါအဝင် တပ်စခန်း ခုနစ်ခု KIA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ခဲယမ်းများရ
အင်းတော်နှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အခြေအနေကောင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

သြဂုတ် ၂၃ ရက်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ မြတောင်ဗျူဟာ စခန်းအပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ဩဂုတ် ၂၃ရက်ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်၍ ဒေသတွင်း စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက မြတောင်စစ်ကောင်စီ ဗျူဟာစခန်းအပါအဝင် ထီးချိုင့်၊ အင်းတော် ၊ ပင်လည်ဘူး၊ နဘားမြို့နယ်စသည့် စစ်ကိုင်းတိုင်းရှိ နေရာ ၆နေရာထက်မနည်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းအနက် မြတောင်ဗျူဟာရှိ ဗျူဟာစခန်းအပါအဝင် စခန်းအားလုံးကို ဩဂုတ် ၂၃ရက် ညနေ ၄နာရီတွင် KIA၊ KPDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့က သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြတောင် စခကင်းစင်သွားပါပြီ။ လက်နက်ခဲယမ်းများစွာ ရရှိတယ်။ မြတောင်ကို သိမ်းလိုက်နိုင်တာက အလွန်အရေးကြီးပါတယ်။ မြတောင်ရသွားရင် ထီးချိုင့်ကမခက်တော့ဘူး။ စခန်းအားလုံး ၇ခု ပါ။ အားလုံးရပြီ။ ဗျူဟာမှူးနဲ့ အဖွဲ့ ထွက်ပြေးသွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြတောင်ဗျူဟာအား KIA လက်အောက်ကျရောက်ပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သူအချို့က လူမှုကွန်ရက်၌ ရေးသားအသိပေးထားပြီး ထီးချိုင့်မြို့သည့် ကချင်ပြည်နယ် ထိုးစစ်အတွက် မဟာဗျူဟာကျသည့် အခင်းအကျင်း ဆုံမှတ်ဖြစ်သည်ဟု အသိပေးထားသည်။

တချိန်တည်း ထိုးစစ်ဆင်နေသည့် အင်းတော် နှင့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲသည်လည်း အောင်မြင်မှုရရန် အလားအလာကောင်းကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် ဩဂုတ် ၁၉ရက်က မိုးမောက် မြို့နယ် ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါ တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ ဆုတ်ခွာတပ်ဖွဲ့ကိုလည်း ဗန်းမော်မြို့နှင့် (၅)မိုင် စီအင်ကျေးရွာအနီး၌ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားည်။

(ထီးချိုင့်မြို့ တနေရာတိုက်ပွဲဖြစ်ပွားနေစဉ်၊ မြတောင်ဗျူဟာစခန်းတည်နေရာနှင့် KPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)
People’s Spring
crd

Zawgyi

ထီးခ်ိဳင့္ ျမေတာင္ဗ်ဴဟာအပါအဝင္ တပ္စခန္း ခုနစ္ခု KIA ပူးေပါင္းတပ္ သိမ္းပိုက္၊ လက္နက္ခဲယမ္းမ်ားရ
အင္းေတာ္ႏွင့္ ပင္လည္ဘူးၿမိဳ႕သိမ္းတိုက္ပြဲ အေျခအေနေကာင္းဟု ကခ်င္စစ္ေရးသတင္းရင္းျမစ္ေျပာ

ၾသဂုတ္ ၂၃ ရက္
စစ္ကိုင္းတိုင္း ထီးခ်ိဳင့္ၿမိဳ႕နယ္ရွိ ျမေတာင္ဗ်ဴဟာ စခန္းအပါအဝင္ ေဒသတြင္းရွိ စစ္ေကာင္စီတပ္စခန္းအားလုံးကို ယေန႔ ဩဂုတ္ ၂၃ရက္ညေနပိုင္း၌ အၿပီးသတ္ သိမ္းပိုက္ႏိုင္ၿပီျဖစ္၍ ေဒသတြင္း စစ္ေကာင္စီ ကင္းစင္သြားၿပီျဖစ္ေၾကာင္း ကခ်င္စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA) ဦးေဆာင္သည့္ ပူးေပါင္းတပ္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းကတည္းက ျမေတာင္စစ္ေကာင္စီ ဗ်ဴဟာစခန္းအပါအဝင္ ထီးခ်ိဳင့္၊ အင္းေတာ္ ၊ ပင္လည္ဘူး၊ နဘားၿမိဳ႕နယ္စသည့္ စစ္ကိုင္းတိုင္းရွိ ေနရာ ၆ေနရာထက္မနည္းကို ထိုးစစ္ဆင္ တိုက္ခိုက္ေနျခင္းျဖစ္သည္။

ယင္းအနက္ ျမေတာင္ဗ်ဴဟာရွိ ဗ်ဴဟာစခန္းအပါအဝင္ စခန္းအားလုံးကို ဩဂုတ္ ၂၃ရက္ ညေန ၄နာရီတြင္ KIA၊ KPDF၊ ABSDF ပူးေပါင္းတပ္ဖြဲ႕က သိမ္းႏိုင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

“ျမေတာင္ စခကင္းစင္သြားပါၿပီ။ လက္နက္ခဲယမ္းမ်ားစြာ ရရွိတယ္။ ျမေတာင္ကို သိမ္းလိုက္ႏိုင္တာက အလြန္အေရးႀကီးပါတယ္။ ျမေတာင္ရသြားရင္ ထီးခ်ိဳင့္ကမခက္ေတာ့ဘူး။ စခန္းအားလုံး ၇ခု ပါ။ အားလုံးရၿပီ။ ဗ်ဴဟာမႉးနဲ႔ အဖြဲ႕ ထြက္ေျပးသြားတယ္”ဟု ကခ်င္စစ္ေရးသတင္းရင္းျမစ္က ေျပာသည္။

ျမေတာင္ဗ်ဴဟာအား KIA လက္ေအာက္က်ေရာက္ၿပီျဖစ္ေၾကာင္း စစ္ေကာင္စီ ဝါဒျဖန႔္သူအခ်ိဳ႕က လူမႈကြန္ရက္၌ ေရးသားအသိေပးထားၿပီး ထီးခ်ိဳင့္ၿမိဳ႕သည့္ ကခ်င္ျပည္နယ္ ထိုးစစ္အတြက္ မဟာဗ်ဴဟာက်သည့္ အခင္းအက်င္း ဆုံမွတ္ျဖစ္သည္ဟု အသိေပးထားသည္။

တခ်ိန္တည္း ထိုးစစ္ဆင္ေနသည့္ အင္းေတာ္ ႏွင့္ ပင္လည္ဘူး ၿမိဳ႕သိမ္းတိုက္ပြဲသည္လည္း ေအာင္ျမင္မႈရရန္ အလားအလာေကာင္းေၾကာင္း ကခ်င္သတင္းရင္းျမစ္က ေျပာသည္။

KIA အေနျဖင့္ ဩဂုတ္ ၁၉ရက္က မိုးေမာက္ ၿမိဳ႕နယ္ ခမရ(၄၃၇) တပ္ရင္းဌာနခ်ဳပ္ကို သိမ္းပိုက္ႏိုင္ခဲ့ရာ အဆိုပါ တပ္စခန္းမွ ထြက္ေျပးသြားသည့္ စစ္ေကာင္စီ ဆုတ္ခြာတပ္ဖြဲ႕ကိုလည္း ဗန္းေမာ္ၿမိဳ႕ႏွင့္ (၅)မိုင္ စီအင္ေက်း႐ြာအနီး၌ တိုက္ခိုက္ရွင္းလင္းႏိုင္ခဲ့ေၾကာင္းစစ္ေရးသတင္းရင္းျမစ္တစ္ဦးက အသိေပးထားည္။

(ထီးခ်ိဳင့္ၿမိဳ႕ တေနရာတိုက္ပြဲျဖစ္ပြားေနစဥ္၊ ျမေတာင္ဗ်ဴဟာစခန္းတည္ေနရာႏွင့္ KPDFမွ ရဲေဘာ္မ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ – CJ)
People’s Spring
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *