စောစီးဝမ်းသာရပြီ မောင်တောမြို့

စောစီးဝမ်းသာရပြီ မောင်တောမြို့

Unicode

မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိ၊ စစ်သုံ့ပန်း ၆၃ ဦးနှင့် လက်နက်ခဲယမ်းများလည်း ဖမ်းမိ

ဩဂုတ် ၂၇ ရက်
ရခိုင်ပြည်၊ မောင်တောမြို့သိမ်းတိုက်ပွဲတွင် AA က စစ်စခန်းများ တစ်ခုပြီး တစ်ခုသိမ်းပိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၀၀ ကျော် ရရှိကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းပိုက်ရရှိကြောင်း AA က ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

AA က မောင်တောမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး မောင်တောမြိုအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ မောင်တောမြို့ အမှတ် ၂ ရပ်ကွက်၊ ဖေဇီရွာ နှင့် မောင်နီရွာ အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊

စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA တို့၏ ခံစစ်နေရာ အများစုကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီ နှင့် လက်အောက်ခံ တပ်ဖွဲဝင်များ၏ အလောင်းများ၊ သုံပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊

ဩဂုတ် ၂၄ ရက်၊ ဩဂုတ် ၂၅ ရက်နှင့် ဩဂုတ် ၂၆ ရက်နေ့ ၃ ရက်အတွင်း စစ်ကောင်စီတပ် နှင့် အ ပေါင်း အပါအဝင် အလောင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့ကြောင်း၊ သုံ့ပန်းတချိုကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ထုတ်ပြန်ထားသော AA ၏ ဗီဒီယိုဖိုင်များအရ လက်နက်ကိုင်များအပါအဝင် စစ်ကောင်စီတပ်သား ၆၃ ဦးကို အရှင်ဖမ်းမိထားကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

တပြိုင်နက်တည်း ထွက်ပြေးသော လက်နက်ကိုင် စစ်သားများကို လိုက်လံချေမှုန်းလျက်ရှိပြီး စစ်ကောင်စီတပ်၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို၏ အခြားနေရာအချို ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သံတွဲမြို့ နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြိုနယ်၊ ကျိန္တလီမြို့ အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်က စစ်သင်္ဘော ၈ စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။
crd

Zawgyi

ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲတြင္ စစ္စခန္းမ်ား တစ္ခုၿပီး တစ္ခုသိမ္းပိုက္ေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အေလာင္း ၁၀၀ ေက်ာ္ ရရွိ၊ စစ္သုံ႔ပန္း ၆၃ ဦးႏွင့္ လက္နက္ခဲယမ္းမ်ားလည္း ဖမ္းမိ

ဩဂုတ္ ၂၇ ရက္
ရခိုင္ျပည္၊ ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲတြင္ AA က စစ္စခန္းမ်ား တစ္ခုၿပီး တစ္ခုသိမ္းပိုက္ေနၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အေလာင္း ၁၀၀ ေက်ာ္ ရရွိကာ စစ္သုံ႔ပန္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားလည္း သိမ္းပိုက္ရရွိေၾကာင္း AA က ယမန္ေန႔ညပိုင္း သတင္းထုတ္ျပန္သည္။

AA က ေမာင္ေတာၿမိဳ႕သိမ္းတိုက္ပြဲကို ဆက္လက္ဆင္ႏႊဲလ်က္ရွိၿပီး ေမာင္ေတာၿမိဳအတြင္း၌ တိုက္ပြဲမ်ားမွာ ဆက္လက္ျဖစ္ပြားလ်က္ရွိေၾကာင္း၊ ေမာင္ေတာၿမိဳ႕ အမွတ္ ၂ ရပ္ကြက္၊ ေဖဇီ႐ြာ ႏွင့္ ေမာင္နီ႐ြာ အတြင္းမွ အဆင့္ဆင့္ခုခံစစ္ဆင္ႏႊဲေနခဲ့ေသာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား၊

စစ္ေကာင္စီ လက္ေအာက္ခံ လက္နက္ကိုင္အဖြဲ႕မ်ားအျပင္ ARSA၊ RSO၊ ARA တို႔၏ ခံစစ္ေနရာ အမ်ားစုကို အာရကၡတပ္ေတာ္မွ တစ္ခုၿပီးတစ္ခု သိမ္းပိုက္ရရွိထားခဲ့ေၾကာင္း၊ တိုက္ပြဲတြင္ စစ္ေကာင္စီ ႏွင့္ လက္ေအာက္ခံ တပ္ဖြဲဝင္မ်ား၏ အေလာင္းမ်ား၊ သုံပန္းမ်ားႏွင့္ လက္နက္ခဲယမ္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း၊

ဩဂုတ္ ၂၄ ရက္၊ ဩဂုတ္ ၂၅ ရက္ႏွင့္ ဩဂုတ္ ၂၆ ရက္ေန႔ ၃ ရက္အတြင္း စစ္ေကာင္စီတပ္ ႏွင့္ အ ေပါင္း အပါအဝင္ အေလာင္း ၁၀၀ ေက်ာ္ကို ေကာင္းမြန္စြာ ေျမျမႇဳပ္ေပးႏိုင္ခဲ့ေၾကာင္း၊ သုံ႔ပန္းတခ်ိဳကိုလည္း ေမာင္ေတာ ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္မ်ားမွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။

ယမန္ေန႔ ထုတ္ျပန္ထားေသာ AA ၏ ဗီဒီယိုဖိုင္မ်ားအရ လက္နက္ကိုင္မ်ားအပါအဝင္ စစ္ေကာင္စီတပ္သား ၆၃ ဦးကို အရွင္ဖမ္းမိထားေၾကာင္းလည္း AA က ထုတ္ျပန္ထားသည္။

တၿပိဳင္နက္တည္း ထြက္ေျပးေသာ လက္နက္ကိုင္ စစ္သားမ်ားကို လိုက္လံေခ်မႈန္းလ်က္ရွိၿပီး စစ္ေကာင္စီတပ္၏ လက္က်န္ခံစစ္စခန္းမ်ားကိုလည္း ဆက္လက္ ထိုးစစ္ဆင္ တိုက္ခိုက္လ်က္ရွိေသာေၾကာင့္ ေမာင္ေတာၿမိဳ၏ အျခားေနရာအခ်ိဳ ၌လည္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ သံတြဲၿမိဳ႕ နယ္၊ ေမာင္ေ႐ႊေလးေရတပ္ ႏွင့္ ဂြၿမိဳနယ္၊ က်ိႏၲလီၿမိဳ႕ အနီး ေက်ာက္ပါးစပ္ေက်း႐ြာ အနီးတို႔တြင္လည္း စစ္ေကာင္စီတပ္ႏွင့္ အာရကၡတပ္ေတာ္တို႔ တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလ်က္ရွိေၾကာင္း၊ စစ္တပ္က စစ္သေဘၤာ ၈ စီးျဖင့္ ေရေၾကာင္းမွ တိုက္ပြဲျဖစ္ပြားရာေနရာမ်ားသို႔ လက္နက္၊ လူအင္အား ျဖည့္တင္းေနျခင္း၊ စစ္သေဘၤာမ်ားေပၚမွ လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ ပစ္ခတ္တိုက္ခိုက္ေနေသာေၾကာင့္ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လ်က္ရွိေၾကာင္း သိရွိရသည္။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *