ဗဟိုလမ်း (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

ဗဟိုလမ်း (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

Unicode

ဗဟိုလမ်း (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား (၂)ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ ဗဟိုလမ်း၊ (၁၅)ပေ ခုံးတံတားအောက်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ အမျိုသား (၅)ဦးအနက် (၂)ဦး အသက်ဆုံးရှုံးခဲ့ပြီး (၃)ဦးမှာ စိုးရိမ်ရဒဏ်ရာများရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ ပရဟိတ အသင်းများထံမှ သိရသည်။

ယမန်နေ့ သြဂုတ် (၂၈)ရက်၊ ည(၁၁)နာရီ (၄)မိနစ်အချိန်ခန့်က ဗဟိုလမ်း၊ (၁၅)ပေ ခုံးတံတားအောက်တွင် Honda Fit ယာဉ်တစ်စီး အရှိန်လွန်ကာ တံတားအုတ်ဘောင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး လူညပ်နေကြောင်း သတင်းအရ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံပရဟိတအသင်းများဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ကားအတွင်း ညပ်နေသော အမျိုးသား (၂)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား (၃) ဦး (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စမ်းချောင်းအရန်မီးသတ်(ရဲသူရိန်)မှ လူနာတင်ယာဉ်၊ MAN ပရဟိတအသင်း မှ လူနာတင်ယာဉ်၊ ရတနာအောင်ပရဟိတအသင်းမှ လူနာတင်ယာဉ်၊ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ လူနာတင်ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
crd

Zawgyi

ဗဟိုလမ္း (၁၅)ေပ ခုံးတံတားေအာက္တြင္ ယာဥ္တိုက္မႈျဖစ္ပြားၿပီး အမ်ိဳးသား (၂)ဦး အသက္ဆုံးရႈံး

ရန္ကုန္တိုင္းေဒသႀကီး၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ (၃)ရပ္ကြက္၊ ဗဟိုလမ္း၊ (၁၅)ေပ ခုံးတံတားေအာက္တြင္ ယာဥ္တိုက္မႈျဖစ္ပြားရာ ယာဥ္ေပၚပါသူ အမ်ိဳသား (၅)ဦးအနက္ (၂)ဦး အသက္ဆုံးရႈံးခဲ့ၿပီး (၃)ဦးမွာ စိုးရိမ္ရဒဏ္ရာမ်ားရခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ နယ္ေျမခံ ပရဟိတ အသင္းမ်ားထံမွ သိရသည္။

ယမန္ေန႔ ၾသဂုတ္ (၂၈)ရက္၊ ည(၁၁)နာရီ (၄)မိနစ္အခ်ိန္ခန႔္က ဗဟိုလမ္း၊ (၁၅)ေပ ခုံးတံတားေအာက္တြင္ Honda Fit ယာဥ္တစ္စီး အရွိန္လြန္ကာ တံတားအုတ္ေဘာင္အား ဝင္တိုက္မႈျဖစ္ပြားခဲ့ၿပီး လူညပ္ေနေၾကာင္း သတင္းအရ ကမာ႐ြတ္ၿမိဳ႕နယ္ မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္ (၁) စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ နယ္ေျမခံပရဟိတအသင္းမ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ကားအတြင္း ညပ္ေနေသာ အမ်ိဳးသား (၂)ဦး အသက္ဆုံးရႈံးခဲ့ရၿပီး အမ်ိဳးသား (၃) ဦး (စိုးရိမ္ရ) ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

၎တို႔အား စမ္းေခ်ာင္းအရန္မီးသတ္(ရဲသူရိန္)မွ လူနာတင္ယာဥ္၊ MAN ပရဟိတအသင္း မွ လူနာတင္ယာဥ္၊ ရတနာေအာင္ပရဟိတအသင္းမွ လူနာတင္ယာဥ္၊ အနာဂတ္အလင္းတန္းပရဟိတအသင္းမွ လူနာတင္ယာဥ္မ်ားျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *