12.9.24၂၄နာရီအတွင်း…

12.9.24၂၄နာရီအတွင်း…

Unicode

အားလုံး share ရန်
ကြိုတင်သိရှိ ပြင်ဆင်ကြလော့
မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ရှိဒေသ မြိုရွာတွေအားလုံးမှာ မိုးကြီးနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှာ
၂၀၂၄ စက်တင်ဘာလ ၁၂ရက်နေ့ ၁၃ရက်နေ့ ၂ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀မီလီမီတာမှ ၄၈၀မီလီမီတာအထိ မိုးကြီးနိုင်သဖြင့် ယောချောင်း စလင်းချောင်း နွယ်တမယ်ချောင်း မုန်းချောင်း မန်းချောင်း စပွတ်ချောင်း မင်းတုန်းချောင်းများသည် တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါသဖြင့် ချောင်းနီးမြေနိမ့်နေရာဒေသနေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံတဲ့နေရာတွေကိုပြောင်းရွှေနေထိုင်ကြပါလို့တိုက်တွန်းနိုးဆော်လိုက်ပါတယ်
ဘေးအန္တာရယ်ကင်းကြပါစေ

စစ်ကိုင်းတိုင်း ကလေးမြို့
၂၄နာရီအတွင်းမိုးကြီးနိုင်ပါတယ်

မုန်းချောင်းရေ 🌧🌧🌧🌧🌧
12.9.24
မုန်းချောင်းတမံ
မနက်၆နာရီရေမှတ်523.2 ပေ
ကန်ရေပြည့်အမှတ် 520.0ပေ
ရေကျော်အမှတ် 3.2 ပေ
မိုးရေချိန် 3.31လက္မ
ကြီးအုံကြီးဝတမံ
မနက်၆နာရီရေမှတ် 342.4 ပေ
ကန်ရေပြည့်အမှတ် 340.0ပေ
ရေကျော်အမှတ် 2.4 ပေ
ရေမှတ်တွေတော့တိုးလာပါပြီ
နေ့စဉ်တင်တဲ့ရေမှတ်များကြည့်ပြီး
ကြိုတင်ချိန်ဆတွက်ဆနိုင်ကြပါစေ
အားလုံးသောသူငယ်ချင်းအပေါင်း
စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာ
ခြင်းနှင့်ပြည့်စုံကြ၍ကပ်ဘေးအပေါင်းမှကင်းဝေးကြပါစေခင်ဗျား

၂၄နာရီအတွင်း
စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွေမှာ မိုးရွာနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်
မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမပေါ်မှာမြစ်ဖျားခံသောချောင်းများအားလုံး တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါတယ်…🌧🌧🌧🌧🌧🌧
ဘေးအန္တာရယ်ကင်းကြပါစေ
crd-sususan

Zawgyi

အားလုံး share ရန်


မုန်းချောင်းရေ 🌧🌧🌧🌧🌧
12.9.24
မုန်းချောင်းတမံ
ရေကျော်အမှတ် 3.2 ပေ
မိုးရေချိန် 3.31လက္မ
ကြီးအုံကြီးဝတမံ
ရေကျော်အမှတ် 2.4 ပေ

၂၄နာရီအတွင်း
crd-sususan

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *