နိုင်ပွဲပြန်ရှာတွေ့ခဲ့သည့် ကယန်းလက်ဝှေ့မယ်ဘရော်နီကာ

နိုင်ပွဲပြန်ရှာတွေ့ခဲ့သည့် ကယန်းလက်ဝှေ့မယ်ဘရော်နီကာ

နိုင်ပွဲပြန်ရှာတွေ့ခဲ့သည့် ကယန်းလက်ဝှေ့မယ်ဘရော်နီကာ
သုည/People’s Spring
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် ထိုင်းဖိုက်မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ပြိုင်ဘက် အာဂျင်တီးနားလက်ဝှေ့မယ်ကို အနိုင်ရပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့သည်။
ယနေ့ (သြဂုတ် ၄) ညနေပိုင်းက ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် Thai Fight အမျိုးသမီး မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲတွင် ဘရော်နီကာနှင့် အာဂျင်တီးနားလက်ဝှေ့မယ် ဖလော်ရန်ဆီယာတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းပွဲတွင် ဘရော်နီကာနှင့် ပြိုင်ဘက်ဖလော်ရန် တို့သည် အပြန်အလှန် ထိုးသတ်နိုင်ခဲ့ပြီး သုံးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သည့်အတွက် ဒိုင်အဆုံးအဖြတ်ခံယူရာ ဘရော်နီကာက အမှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီအတွင်းက ရှုံးနိမ့်ခဲ့သည့်ပွဲအပြီး ခြောက်လအကြာ ပြန်လည်ထိုးသတ်သည့် ယခုပွဲစဥ်တွင် ဘရော်နီကာအနေဖြင့် နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက ထိုင်းလက်ဝှေ့မယ်ဖာဆိုင်းကို ရှုံးနိမ့်ခဲ့ပြီး မွေထိုင်း ၁၇ ပွဲဆက်တိုင် နိုင်ပွဲဆက်စံချိန် ရပ်တန့်ခဲ့ရသည်။
ကယန်းတိုင်းရင်းသူ ဘရော်နီကာသည် မွေထိုင်းပြိုင်ပွဲ ၂၀ပွဲ ယှဉ်ပြိုင်ထိုးသတ်ရာ နှစ်ပွဲသာ ရှုံးနိမ့်ပြီး ၁၈ပွဲဆက် နိုင်ပွဲရရှိထားသူ ဖြစ်သည်။
ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် Thai Fight 100 years Nakornban ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် ဂုဏ်ပြုခံထားရသူလည်း ဖြစ်သည်။
crd
ဓာတ်ပုံ – Thai Fight

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *