စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး

စဥ့်ကူးမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (သြဂုတ် ၄ရက်) နေ့လယ် ၁နာရီခန့်က စဥ့်ကူးမြို့နယ် ၊ ကံတောင်ကျေးရွာအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ သုံးဦး သေဆုံးကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်သည်။

ထို့အပြင် ညနေ ၃နာရီခွဲဝန်းကျင်၌ စဥ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ဦး သေဆုံးခဲ့ကာ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDF က ထပ်မံအသိပေးသည်။

စစ်ကောင်စီသည် စဥ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း မန္တလေး PDF က အသိပေးသည်။

စစ်ရှုံး စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မန္တလေး PDF က အသိပေးထားသည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုများပြား

၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၄)ရက်

၁။ အကြမ်းဖက် စစ်ကောင်စီသည် စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး(Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွါးခဲ့သည်။

၂။ ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၄)ရက်နေ့ နေလယ် (၁) နာရီဝန်းကျင်တွင် စဉ့်ကူးမြို့နယ် ၊ ကံတောင်ကျေးရွာအား စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၃) ဦး သေဆုံးကာ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၃။ ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် နေ့လယ် (၃:၃၀)ဝန်းကျင်၌ စဉ့်ကူးမြို့နယ် ၊ နွယ်ရုံကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး ကလေးငယ်(၁)ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၁၀) ဦး သေဆုံးခဲ့ကာ (၆) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

၄။ မင်းအောင်လှိုင်၏ စစ်ရှုံး စစ်ကောင်စီအနေဖြင့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ်ပေသည်။

စစ်ဦးစီးအဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

(ကံတောင်ရွာနှင့် နွယ်ရုံရွာရှိနေအိမ်များ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ – MDY PDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *