အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ အရှင်ဖမ်းမိကြောင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ အရှင်ဖမ်းမိကြောင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျဆုံးပြီး တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ အရှင်ဖမ်းမိကြောင်း MNDAA က ထုတ်ပြန်ပြီး အရာရှိကြီးများ ဖမ်းဆီးခံရကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ
5 Aug 2024
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ရမခထဲမှ အရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုလိုက်ပြီဖြစ်‌ကြောင်း သိရသည်။
လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
” ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး MNDAA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက လားရှိုး ကိုစတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း၊
ယင်းနောက် ယခုအချိန်အထိ ဆက်သွယ်ရေး လုံး၀ ပြတ်တောက်သွားကြောင်း၊ လက်ရှိအချိန်တွင် အရာရှိကြီးများ ဖမ်းဆီးခံထားရသည်ဟု သိရှိရကြောင်း ” ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါသည်။
ကိုးကန့်တပ် MNDAA က ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိပြီဟု ကြေညာခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် ပင်မရုံးချုပ်ကိုသိမ်းပိုက်ရရှိခဲ့ကြောင်း၊ လက်ရှိတွင်လက်နက်ချသော စစ်သည်နှင့် တပ်မိသားစုဝင် ထောင်ချီရှိနေကြောင်း သိရှိရပါသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *