ရန်ကုန်လေဆိပ်တွင် အသက် ၂၃ မှ အသက် ၃၂ နှစ်အတွင်း အမျိုးသားများ ပြည်ပထွက်ခွာမှု အလွန်စိစစ်တင်းကျပ်နေပြီး PV နိုင်ငံကူးလက်မှတ်ဖြင့် အချက်အလက်မစုံလင်လျှင် ပြည်ပ ထွက်ခွင့်မရ

ရန်ကုန်လေဆိပ်တွင် အသက် ၂၃ မှ အသက် ၃၂ နှစ်အတွင်း အမျိုးသားများ ပြည်ပထွက်ခွာမှု အလွန်စိစစ်တင်းကျပ်နေပြီး PV နိုင်ငံကူးလက်မှတ်ဖြင့် အချက်အလက်မစုံလင်လျှင် ပြည်ပ ထွက်ခွင့်မရ

ရန်ကုန်လေဆိပ်တွင် အသက် ၂၃ မှ အသက် ၃၂ နှစ်အတွင်း အမျိုးသားများ ပြည်ပထွက်ခွာမှု အလွန်စိစစ်တင်းကျပ်နေပြီး PV နိုင်ငံကူးလက်မှတ်ဖြင့် အချက်အလက်မစုံလင်လျှင် ပြည်ပ ထွက်ခွင့်မရ
ဩဂုတ် ၅
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အသက် ၂၃ မှ အသက် ၃၂ နှစ်အတွင်း အမျိုး သားများ ပြည်ပထွက်ခွာမှု အလွန်စိစစ်တင်းကျပ်နေပြီး PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပထွက်ခွာသူများ အချက်အလက်မစုံလင်လျှင် အလွန်ရစ်ခံရသည့်အပြင် ထွက်ခွာခွင့်မရမှုများ ကြုံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောဆိုသည်။
ရန်ကုန်လေဆိပ်တွင် အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်တွင်းသို့ ပြန်ဝင်လာပြီး ပြည်ပနိုင်ငံများသို့ ပြန်လည် ထွက်ခွာရန် ကြိုးပမ်းသူတချို့ လေဆိပ်မှ လှည့်ပြန်ခိုင်းမှုများရှိနေကြောင်း၊ အထူးသဖြင့် အသက် ၂၃ နှစ် အသက် ၃၂ နှစ်အတွင်း ကျရောက်နေခြင်း၊ ပြည်ပအလုပ်သမားကတ်ဟု ခေါ်ဆိုသော OWIC ကတ်မရှိခြင်း ၊ အခွန်ဆောင်ထားမှုမရှိခြင်း၊ ပြည်တွင်းသို့ လစာ၏ ၂၅ ရာခိုင်နှုန်း ပြန်လည် လွှဲပြောင်းထာသည့် စာရွက်စာတမ်း မပြနိုင်ခြင်းတို့ဆိုလျှင် ပြည်ပသို့ လုံး၀ ထွက်ခွင့်မပေးတော့ဘဲ ပိတ်ပင်မှုများရှိနေကြောင်း သိရှိရသည်။
“တချို့ အလုပ်အကိုင် PJ Passport တွေက နိုင်ငံခြားကနေ ခဏပြန်လာပြီး ပြန်ထွက်ဖို့လုပ်တာမှာ လေဆိပ်က အထွက်မခံတော့ဘူး။ OWIC ကတ်မရှိတာ၊ အသက်အရွယ်က အလုပ်သမားဝန်ကြီးဌာနက ပိတ်ပင်ထားတဲ့ အသက် ၂၃ ကနေ အသက် ၃၂ နှစ်အတွင်းကျရောက်နေတာ၊ အခွန်မဆောင်ထားတာ၊ ပြည်တွင်းကို လစာရဲ့ ၂၅ ရာခိုင်နှုန်း ပြန်မလွှဲထားတာ အကြောင်း အမျိုးမျိုးပြပြီး လေဆိပ်ကနေ ထွက်ခွင့်မပေးတာ။
အဲဒီတော့ PJ အလုပ်အကိုင်သမားတွေ ပြည်တွင်းကို အရေးပေါ်မဟုတ်လို့ ရှိရင် ပြန်မလာကြပါနဲ့။ ပြန်ထွက်ရတာ အရမ်းခက်ပါတယ်။ နိုင်ငံကူးလက်မှတ်ကို PJ ကနေ PV လည်းပြောင်းလို့မရတော့ပါဘူး။ ထပ်ပြောပါ့မယ် ။ နိုင်ငံခြားရောက်ပြီး နိုင်ငံကူးလက်မှတ် PJ ကိုင်ထားတဲ့ မြန်မာတွေ လုံး ပြည်တွင်းကို ပြန်မလာပါနဲ့” ဟု ပြည်ပ အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အလည်အပတ် PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာသူများအနက်မှ အသက် ၂၃ နှစ်နှင့် အသက် ၃၂ နှစ်အတွင်းရှိ အမျိုးသားများကို ရန်ကုန်လေဆိပ်တွင် စိစစ်မှုများရှိပြီး Show Money ၊ Return Ticket ၊ Hotel Booking အစရှိသည့်တို့ကိုပါ စစ်ဆေးကြောင်း၊ စာရွက်စာတမ်းနှင့် အချက်အလက် မစုံလင်လျှင် အလွန်ရစ်ပြီး ငွေတောင်းခံမှုများရှိကြောင်း၊ တချို့သူများကို လေဆိပ်မှ လှည့်ပြန်ခိုင်းမှုများပင်ရှိနေကြောင်း သိရှိရသည်။
“အခုက အရမ်းမှန်းဆရခက်တယ်။ ဘာမူနဲ့ ဘယ်လိုလုပ်နေကြလဲမသိဘူး။ PV နဲ့ စာရွက်စာတမ်း အချက်အလက်စုံလင်တာတောင် ငွေတောင်းခံရသူတွေလည်းရှိတယ်။ တချို့လည်းလှည့်ပြန်ရတယ်။ ဘာဖြစ်ချင်မှန်းကိုမသိဘူး။ တရားဝင် လိုက်နာရမယ့် စည်းကမ်းဆိုတာမျိုး ထုတ်ထားတာလည်းမရှိဘူး။ အရာရာအားလုံးက လေဆိပ်မှာရှိတဲ့ လ၀က၊ ရဲနဲ့ စစ်ထောက် လှမ်းရေးတွေ လုပ်ချင်သလို လုပ်နေတာကို ပြည်သူတွေခံနေရတယ်” ဟု ယခုရက်ပိုင်းအတွင်း လေဆိပ်မှ လည့်ပြန်ခဲ့ရသည့် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ လူငယ်တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွာမှုများကို တင်းတင်းကျပ်ကျပ်စိစစ်ရန် ညွှန်ကြားမှုများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်လေဆိပ်တွင် ယင်းကဲ့သို့ ပြည်ပထွက်ခွာမှုများကို စိစစ်မှုများရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *