အလံဖြူထောင်ပြီလမ်းလျှောက်တဲ့အထဲ မဲလုံးပါပါတယ်(ရုပ်သံ)

အလံဖြူထောင်ပြီလမ်းလျှောက်တဲ့အထဲ မဲလုံးပါပါတယ်(ရုပ်သံ)

လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ချအလင်းဝင်သော စစ်သား၊ ပြည်သူ့ စစ်နှင့် တပ်မိသားစုဝင်အရေအတွက် ၁၀၀၀ ကျော်ရှိပြီး အရေအတွက် ပိုမိုများပြားလာနိုင် (ရုပ်/သံ)

ဩဂုတ် ၄

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် လက်နက်ချ အလင်းဝင်သော စစ်သားနှင့်တပ်သားမိသားစုဝင်အရေအတွက်မှာ ၁၀၀၀ ကျော်ရှိသည်ဟု သိရှိထားပြီး အရေအတွက် ပိုမို များပြားလာနိုင်ကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအားလုံးကို အလုံး စုံ တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ သိမ်းပိုက်ပြီးနောက် အလံဖြူထောင် အလင်းဝင်သော စစ်သားနှင့်ပြည်သူ့ စစ်၊ တပ်မိသားစုဝင် ၁၀၀၀ ကျော်ရှိသည်ဟု သိရှိထားကြောင်း၊ လက်ရှိတွင် အရေအတွက်ကို အသေးစိတ် မစိစစ်နိုင်သေးဘဲ အလံဖြူထောင်ကြသည့် စစ်သားများမှာ ဟိုတစ်စု၊ ဒီတစ်စုဖြင့် ပြန့်ကျဲနေကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

 

“အခု သိထားသလောက်တော့ အလံဖြူထောင် ထွက်လာတာက စစ်သားတွေရော၊ ပြည်သူ့စစ်တွေရော၊ တပ်မိသားစုဝင်တွေ ရော ၁၀၀၀ ကျော်လောက်ရှိတယ်လို့ ပြောတယ်။ အခုလည်း ဦးတည်ရာမဲ့ ထွက်ပြေးနေတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေ ရှိနေသေးတာမို့ အရေအတွက်က ဒီထက်ပိုများနိုင်ပါတယ်” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။

လတ်တလော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတစ်ခုလုံးကို MNDAA တပ်များက စိုးမိုးထားပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုတချို့ရှိသော်လည်း ကြီးကြီးမားမား တိုက်ပွဲမရှိတော့ဘဲ အလုံးစုံ ထိန်းချုပ် ထားနိုင်ပြီဟု ဆိုနိုင်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

 

“လက်နက်ချတာ များတယ်ဆိုပေမယ့် ကျနော်တို့ရဲ့ပန်းတိုင်မရောက်သေးလို့ ဝမ်းမသာသေးဘူး။ ကျနော်တို့ရဲ့ ရည်မှန်းချက်က စစ်အာဏာရှင် စနစ်ဆိုးကြီးကျဆုံးပြီး ပြည်သူအာဏာပြည်သူတင်မြောက်ထားတဲ့သူတွေရဲ့ လက်ထဲပြန်ရောက်ဖို့ပဲ။ စနစ်ဆိုးကြီးပျက်သုဉ်းသွားရင် ပြည်သူတွေကို ရင်ဝယ်သားလိုအုပ်ချုပ်တဲ့ ဗဟိုအစိုးရနဲ့ တိုင်းရင်းသားဒေသကိုအုပ်ချုပ်တဲ့လူမျိုးစုအစိုးရတွေအကြား ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း နဲ့ သာယာတဲ့ မြန်မာပြည်ကြီးဖြစ်ဖို့ပဲမျှော်လင့်တယ်။ အဲဒီအောင်ပွဲအထိ ကျနော်တို့ရှိနေမယ်။ လောလောဆယ်တော့ ရှေ့သို့ရှေ့သိုဆက်လက်ချီတက်ပေါ့” ဟု MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *