နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့ခံများ လေကြောင်း၊လက်နက်ကြီးအန္တရာယ် ဆက်သတိထားရန် TNLA သတိပေး

နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့ခံများ လေကြောင်း၊လက်နက်ကြီးအန္တရာယ် ဆက်သတိထားရန် TNLA သတိပေး

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် တအာင်းတပ်မတော်(TNLA) ပူးပေါင်းတပ်မှ နောင်ချိုမြို့၊ မိုးကုတ်မြို့နှင့် မိုးမိတ်မြို့အား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါမြို့များသည် စစ်ကောင်စီ လက်အောက်ထံမှလွတ်မြောက်သွားသော်လည်း စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီး ပစ်ခတ်မှု ရှောင်ရှားနိုင်ရန်စစ်ရေးသတိရှိရန်လိုအပ်ကြောင်းTNLAက သတိပေးသည်။

TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ဝေသည့် ဇူလိုင်ထုတ် စာစောင်ကိုဩဂုတ် ၂ရက်တွင် ဖော်ပြခဲ့ရာ အယ်ဒီတာအာဘော်တွင် စစ်ကောင်စီတပ်မှ စစ်ဥပဒေစည်းမျဉ်းများ လိုက်နာခြင်းမရှိသည့် အခြေအနေကို ရေးသားထားခြင်းဖြစ်သည်။

လေကြောင်း၊လက်နက်ကြီးရန်အပြင် တပ်စခန်းအနီးတဝိုက် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ၊ မိုင်းများ၊ ပေါက်ကွဲတက်သည့် စစ် အသုံးအဆောင် များ မြှုပ်နှံထားသောကြောင် ပြည်သူများမိုင်းအန္တရာယ်အသိပညာပေး သိရှိရန် လိုအပ်ကြောင်း ဖော်ပြသည်။ မိုင်းများတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်များတွင် အကူအညီတောင်းခံနိုင်ရန် တိုက်တွန်းထားသည်။

စစ်ကောင်စီက နိုင်ငံတကာ စစ်ဥပဒေစည်းမျဉ်းများလိုက်နာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ ရာ စစ်ဆင်ရေးစတင်ခဲ့သည့် ဇွန်လ ၂၅ရက်နောက်ပိုင်း တိုက်ပွဲ ၁လကျော်အတွင်း စစ်ကောင်စီက အရပ်သားများကို ဦးတည် တိုက်ခိုက်ခြင်း၊အရပ်သားများ ရှိရာလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်ပစ်ခတ်ခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်သည့်လုပ်ငန်းများကို တားဆီး ပိတ်ပင်နှောက်ယှက် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိပ်ငွေ့ ဗုံး လက်နက်အသုံးပြုတိုက်ခိုက်ခြင်းနှင့်မြေမြှုပ်မိုင်း ထောင်ခြင်း ၊ အရပ်သားများအား လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ပြည်သူ နေအိမ်များ မွှေနှောက်ယုယက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ကျူးလွန်လျက်ရှိသည်ဟု ဖော်ပြသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ လေကြောင်းမှ ၂၇၆ကြိမ် ၊ လက်နက်ကြီးဖြင့် အကြိမ် တစ်ထောင်ကျော်တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃၃ဦး သေဆုံးပြီး ၁၇၀ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနှင့် အရပ်သား နေအိမ်၁၀၀ ကျော်ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသမဟုတ်သည့် ကိုးကန့်ဒေသ များသို့လည်း လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက ကိုးကန့်တပ်ဖွဲ့(MNDAA)က သိမ်းပိုက်ထားသည့် လောက်ကိုင်နှင့် သိန္နီမြို့နယ်များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ တစ်လကျော်အတွင်း အရပ်သား ၁၄ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲများတွင် အရပ်သား သေဆုံးထိခိုက်မှု အများဆုံး ဒေသများမှာ လားရှိုးတိုက်ပွဲဖြစ်ပြီး အရပ်သား ၅၀ကျော် သေဆုံးခဲ့သည်။

လက်ရှိတွင် နောင်ချိုမြို့၌ ပြန်လည်နေထိုင်သူ အနည်းငယ်ရှိလာပြီး ဈေးမှာလည်း မနက်ပိုင်းတွင် စည်ကားသည်ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုလတ်တလောတွင် ဖြစ်ပွားမှုမရှိဘဲ ငြိမ်သက်နေသည်ဟု ၎င်းက ပြောသည်။

သို့သော် နောင်ချိုမြို့​၏ တောင်ဘက်ရှိ ကျေးရွာအချို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီး စစ်ကောင်စီတပ်က တောင်းခမ်းကျေးရွာ၌ တပ်စွဲအင်အားဖြည့်တင်းနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

စစ်ကောင်စီသည် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် ရှမ်းပြည်တောင် ပိုင်း ရပ်စောက်မြို့မှတဆင့် နောင်ချိုလမ်းကြောင်းသို့ အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများပြောသည်။

ကျောက်မဲ၊ မိုးမိတ်၊မိုးကုတ်နှင့် သီပေါမြို့နယ်များ၌လည်း အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။ ထို့ပြင် တိုက်ပွဲများ၊ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဒေသခံ သောင်းချီ စစ်ရှောင်နေကြရသည်။

(နောင်ချိုမြို့အား စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *