03/08/2024 မိုးခန့်မှန်းချက်

03/08/2024 မိုးခန့်မှန်းချက်

Unicode

03/08/2024
မုန်းတမံ ကြီးအုံကြီးဝတမံ မန်းချောင်းတမံတွေရဲ့ ရေဝင်ဧရိယာဖြစ်တဲ့ ငဖဲမြို့နယ် စေတုတ္တရာမြို့နယ်တွေမှာ မိုးအားလျော့ကျလာနေပါတယ်

ပုံမှန်စီးဝင်ရေများသာလျှင် စီးဝင်ပါတော့မှာပဲဖြစ်ပါတယ်
သို့သော်လည်း ယခင် ၅ရက်ခန့်မိုးကြီးခဲ့သဖြင့် အဆိုပါချောင်းများသည် ချက်ခြင်းတော့ ရေအမြန်လျော့ကျလိမ့်မည်မဟုတ်ပါဘူး စိုးရိမ်စရာအခြေအနေနဲပါးသွားတာပဲဖြစ်ပါတယ်

သဘာဝဘေးအန္တရာယ်များကို ကြိုတင်သိရှိပြင်ဆင်နိုင်ကြစေရန်အတွက် ကိုယ်ကျိုးမဖက် ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်

မိုးအားလျော့နည်းသွားသော်လည်း မုန်းချောင်းရေတိုးလာနိုင်ပါသေးတယ် ဂရုစိုက်ကြပါ

ရေပိုလွှဲ (Spillway)
ရေပိုလွှဲ ဆိုတာ ရေဖောက်ချ၍ရသည့်အရာမဟုတ်ဘဲ ကန်ရေပြည့် သိုလှောင်ပမာဏထက် ကျော်လွန်ပြီး စီးဝင်လာသောရေများကို ဆည်မြောင်းပညာရှင်များက မူလမြစ်၊ ချောင်းများထဲသို့ စီးထွက်သွားစေရန်အတွက်

စနစ်တကျ ဒီဇိုင်းပြုလုပ်၍ ထည့်သွင်းတည်ဆောက်ထားသော ရေအားအဆောက်အအုံ တစ်ခုဖြစ်ပါသည်။

တမံအတွင်း သိုလှောင်နိုင်တဲ့ ရေပမာဏပြည့်လာရင် နောက်ထပ်စီးဝင်လာမယ့် ရေတွေကို ရေပိုလွှဲကတစ်ဆင့် ဖြတ်ကျော်စီးဆင်းစေပြီး မူလချောင်းထဲသို့ ပြန်စီးဝင်သွားနိုင်အောင် စီမံတည်ဆောက်ထားခြင်းပဲဖြစ်ပါသည်။

sususan

crd

 

Zawgyi

03/08/2024
မုန္းတမံ ႀကီးအုံႀကီးဝတမံ မန္းေခ်ာင္းတမံေတြရဲ႕ ေရဝင္ဧရိယာျဖစ္တဲ့ ငဖဲၿမိဳ႕နယ္ ေစတုတၱရာၿမိဳ႕နယ္ေတြမွာ မိုးအားေလ်ာ့က်လာေနပါတယ္

ပုံမွန္စီးဝင္ေရမ်ားသာလွ်င္ စီးဝင္ပါေတာ့မွာပဲျဖစ္ပါတယ္
သို႔ေသာ္လည္း ယခင္ ၅ရက္ခန္႔မိုးႀကီးခဲ့သျဖင့္ အဆိုပါေခ်ာင္းမ်ားသည္ ခ်က္ျခင္းေတာ့ ေရအျမန္ေလ်ာ့က်လိမ့္မည္မဟုတ္ပါဘူး စိုးရိမ္စရာအေျခအေနနဲပါးသြားတာပဲျဖစ္ပါတယ္

သဘာဝေဘးအႏၲရာယ္မ်ားကို ႀကိဳတင္သိရွိျပင္ဆင္ႏိုင္ၾကေစရန္အတြက္ ကိုယ္က်ိဳးမဖက္ ႀကိဳးစားလုပ္ကိုင္ေဆာင္႐ြက္ေနျခင္းျဖစ္ပါတယ္

မိုးအားေလ်ာ့နည္းသြားေသာ္လည္း မုန္းေခ်ာင္းေရတိုးလာႏိုင္ပါေသးတယ္ ဂ႐ုစိုက္ၾကပါ

ေရပိုလႊဲ (Spillway)
ေရပိုလႊဲ ဆိုတာ ေရေဖာက္ခ်၍ရသည့္အရာမဟုတ္ဘဲ ကန္ေရျပည့္ သိုေလွာင္ပမာဏထက္ ေက်ာ္လြန္ၿပီး စီးဝင္လာေသာေရမ်ားကို ဆည္ေျမာင္းပညာရွင္မ်ားက မူလျမစ္၊ ေခ်ာင္းမ်ားထဲသို႔ စီးထြက္သြားေစရန္အတြက္

စနစ္တက် ဒီဇိုင္းျပဳလုပ္၍ ထည့္သြင္းတည္ေဆာက္ထားေသာ ေရအားအေဆာက္အအုံ တစ္ခုျဖစ္ပါသည္။

တမံအတြင္း သိုေလွာင္ႏိုင္တဲ့ ေရပမာဏျပည့္လာရင္ ေနာက္ထပ္စီးဝင္လာမယ့္ ေရေတြကို ေရပိုလႊဲကတစ္ဆင့္ ျဖတ္ေက်ာ္စီးဆင္းေစၿပီး မူလေခ်ာင္းထဲသို႔ ျပန္စီးဝင္သြားႏိုင္ေအာင္ စီမံတည္ေဆာက္ထားျခင္းပဲျဖစ္ပါသည္။

sususan

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *