‼️ မိုင်တိုင်အမှတ် ၁၄၅ အမြန်လမ်း အန္တရာယ် ‼️

‼️ မိုင်တိုင်အမှတ် ၁၄၅ အမြန်လမ်း အန္တရာယ် ‼️

 မိုင်တိုင်အမှတ် ၁၄၅ အမြန်လမ်း အန္တရာယ်
မနေ့က မိုးတွေ အသည်းအသန်ရွာနေချိန် ၆:၃၀ ဝန်းကျင် ညနေ မှောင်ရီပျိုးချိန် မန်းလေး မှ ရန်ကုန် အပြန်လမ်း မိုင်တိုင် ၁၄၅ ဝန်းကျင်မှာ ဆိုင်ကယ် ၂ စီး လူရမ်းကား ၃ ယောက် မြက်ခုတ်တဲ့ဓါးဇဉ်း ၂ ချောင်းကို လူတယောက်တည်းက ကိုင်ထားပီး လမ်းပေါ်ထိ တက်လာတယ်
ညာဖက်လက်က ဓါးဇဉ်းနဲ့ ရှေ့လေကာမှန်ကိုရွယ်ပီး ပစ်တာ ကားမောင်းသူ အသိဝင်ပီး ညာဖက် ကပ်မောင်းနေရာကနေ ဘယ်ဖက်ယာဉ်ကျော ကားမရှိတဲ့အချိန်မလို့ ကံကောင်းစွာနဲ့ ရုတ်ချဉ်းရှောင်တိန်းလိုက်လို့ ရှေ့ဘန်ဘာ လေးဘဲ ပွန်းပီး အပေါက်ဖြစ်သွားတယ်
တော်သေးတယ် အရှောင်မြန်လို့ရယ် တခုခုများဖြစ်သွားခဲ့ရင် ဘာများလုပ်မလဲမသိဖူးဆိုတဲ့ စိုးရိမ်စိတ် အတွေးတဆနဲ့ တော်တော်ဝေးဝေးရောက်တော့မှ ကားကို ထိသွားတဲ့ အသံ “ဒုတ်” ဆိုတဲ့ ဟာကြောင့် ဘာဖြစ်လဲ ဆင်းကြည့်မိတာ
နောက်ခါ အခွင့်အခါကြုံလို့ အဲ့လို အခြေအနေမျိုးထက်ကြုံရင် ဘာများလုပ်ရမလဲဆိုပီး တွေးမိတယ်
ခရီးသွားမိဘပြည်သူတွေ အနေနဲ့ ခရီးသွားတော့မယ်ဆိုရင် အမြန်လမ်းမှာ မိမိကိုယ်ကို လုံခြုံမှုရှိအောင် သွားမည့် အချိန်က အစ သေချာစဉ်းစားပီး သွားဖို့ ရွေးချယ်သွားဖို့ ဖြစ်ရပ်မှန်ကို သုံးသပ်ပီး အကြံပြုပေးပါတယ် ခင်ဗျာ…
crd maung maung facebook

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *