လားရှိုး ရမခ တိုင်းစစ်ဌာနချုပ် နယ်မြေမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အပါအဝင် လူ ၂၀၀ လက်နက်ချအလင်းဝင်လာပြီး စစ်တပ်မှ ဒဏ်ရာရ ရာထူးမြင့် ၁ ဦးပါဝင်

ရန်ကုန်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နယ်မြေမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ အပါအဝင် လူ ၂၀၀ လက်နက်ချပြီး အကြမ်းဖက်စစ်တပ်မှ ရာထူးမြင့် ၁ ဦး ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလင်းဝင် လက်နက်ချသူများသည် တိုင်းစစ်ဌာနချုပ်ရုံးထဲမှ အင်အား ၂၀၀ ဟု သတင်းရင်းမြစ်ထံမှ ကြားသိရပြီး အမှတ် ၉ တပ်မတော်‌ဆေးရုံမှ ကုတင် ၁၀၀ မှ အဖွဲ့များလည်း ဖြစ်နိုင်သည်ဟု ကြားသိရကြောင်း ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။
“ဒဏ်ရာရတာက ဒုတိယ ဗိုလ်မှူးကြီးနဲ့ အထက် Level ပါပဲ။ ဒဏ်ရာရတဲ့ အနေအထားက အဆုတ်ကို ထိထားတဲ့ အနေ အထားပါ စကားမပြောနိုင်ဘူး။ အဲဒါကြောင့် စိစစ်ဆဲဖြစ်နေတာပါ” ဟု ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိတွင် MNDAA တပ်များက လားရှိုး စစ်ဆေးရုံကို သိမ်းပိုက်ရရှိပြီး ရမခ တိုင်းစစ်ဌာနချုပ် ဗဟိုကင်းအတွင်းအထိ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ရမခ ပင်မရုံးချုပ်ကိုလည်း ပတ်ပတ်လည် ၀ိုင်းရံထားကြောင်း သိရှိရသည်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *