သံလွင်မြစ်အတွင်း လှေနှစ်စီး တိမ်းမှော-က်ရာမှ လှေသမား နှစ်ဦး ပျောက်ဆုံး

သံလွင်မြစ်အတွင်း လှေနှစ်စီး တိမ်းမှော-က်ရာမှ လှေသမား နှစ်ဦး ပျောက်ဆုံး

သံလွင်မြစ်အတွင်း လှေနှစ်စီး တိမ်းမှော-က်ရာမှ လှေသမား နှစ်ဦး ပျောက်ဆုံး

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သံလွင်မြစ်အတွင်း ခေါင်းဆေးကျွန်းအနီး လှေနှစ်စီး တိမ်းမှေ-ာက်မှုဖြစ်ပွားရာ လှေသမားနှစ်ဦး ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေနေကြောင်း ကနဦး သတင်းများအရ သိရသည်။

ယနေ့ သြဂုတ် (၂)ရက်၊ နေ့လယ်ပိုင်း အချိန်က သံလွင်မြစ် ခေါင်းဆေးကျွန်း လှေဆိပ်အနီး ကျောက်စလစ်တင် လှေမှာ သောင်တင်‌နေသဖြင့် အနီးရှိ ကတို့စက်လှေမှ သွားရောက် ကယ်ဆယ်စဉ် တိမ်းမှေ-ာက်ခဲ့ခြင်းဖြစ်ပြီး သွားရောက် ကယ်ဆယ်သည့် လှေသမား (၂) ဦးမှာ ရေထဲမျောပါသွားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူတို့က ဆိုသည်။

 

“ခေါင်းဆေးကျွန်း ဘုရားဖူးသွားတဲ့ လှေမှေ-ာက်တာမဟုတ်ပါဘူး။ ခေါင်းဆေးကျွန်း လှေဆိပ်အနီးက သောင်တင်‌‌နေတဲ့ လှေကို ကယ်ဆယ်ရင်း လှေ (၂)စီး တိမ်းမှော-က်သွားတာပါ”ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ဆိုထားသည်။

 

အဆိုပါတိမ်းမှေ-ာက်သည့်လှေမှာ ခေါင်းဆေးကျွန်းဘုရားဖူးသွားသည့် လှေဟု သတင်းများ ထွက်ပေါ်နေသော်လည်းယင်းကဲ့သို့ မဟုတ်ကြောင်း ဒေသခံ ကယ်ဆယ်ရေးသမားများထံမှ သိရသည်။

 

အဆိုပါ လှေ (၂)စီး တိမ်းမှေ-ာက်မှု ဖြစ်စဉ်ကြောင့် ပျောက်ဆုံးခဲ့ရသည့် စက်လှေသမား (၂)ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ ရှာဖွေနေ ကြောင်း သိရသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *