မှော်ဘီလေတပ်ကပုဇဥ်းတစ်ကောင် အတောင်ကျိုးကျ

မှော်ဘီလေတပ်ကပုဇဥ်းတစ်ကောင် အတောင်ကျိုးကျ

မှော်ဘီမှာ စစ်ကောင်စီရဟတ်ယာဥ်ပျက်ကျလို့ ဗိုလ်ချုပ်တစ်ဦးနဲ့ တွဲဖက်လေယာဥ်မှူးတို့ သေဆုံး

 

သြဂုတ် ၂

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ ယူရိုကော့ပတာရဟတ်ယာဥ်တစ်စင်း လေယာဥ်ကွင်းမှအတက် ဒီနေ့ (သြဂုတ် ၂) မှာ ပျက်ကျခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြပါတယ်။

 

 

လေ့ကျင့်ပျံသန်းဖို့ ကွင်းကအတက်မှာ ပျက်ကျခဲ့တာဖြစ်ပြီး တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူးတို့ သေဆုံးခဲ့သလို အမျိုးသမီးလေယာဥ်မှူးတစ်ဦးနဲ့ အကြပ်ကြီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 

ဖြစ်စဥ်အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးသလို သတင်းဌာနကလည်း ဆက်လက်စုံစမ်းနေပါတယ်။

MK-015
#စစ်ကောင်စီ
#ရဟတ်ယာဥ်
#ပျက်ကျ
#ဗိုလ်ချုပ်
#သေဆုံး
#မှော်ဘီ
#လေတပ်

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *