လှို်င်သာယာမှာစက်ရုံဖယ်ရီကားမှောက် လူ၅၀ဒဏ်ရာရ

လှို်င်သာယာမှာစက်ရုံဖယ်ရီကားမှောက် လူ၅၀ဒဏ်ရာရ

လှိုင်သာယာတွင် စက်ရုံဖယ်ရီကားတိမ်းမှေ-ာက်ပြီး လူ(၅၀) ကျော် ဒဏ်ရာရ

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့ ဩဂုတ် (၂)ရက် နံနက်ပိုင်းက စက်ရုံဖယ်ရီ(ကြို/ပို့)ကားတိမ်းမှေ-ာက်ခဲ့ပြီး လူ (၅၀) ကျော် ဒဏ်ရာရခဲ့‌ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအနီးတွင် တိမ်းမှော-က်ခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်း ဖြိုးထိုက်ဦး (၂၇) နှစ် မောင်းနှင်လာသည့် MITSUBISHI ဖြူပြာရောင်ယာဉ်မှာ ကားလမ်းကူးသူတစ်ဦးကို ရှောင်တိမ်းရာမှ တိမ်းမှော-က်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဒါဏ်ရာရတဲ့ သူတွေကို ဆေးရုံပို့ပေးပါတယ်။ လက်ကျိုးသွားတာ နှစ်ယောက်ရှိတယ်” ဟု ကူညီဆောင်ရွက်ပေးသူတစ်ဦးထံမှလည်း သိရသည်။

 

အဆိုပါ တိမ်းမှော-က်မှုကြောင့် ယာဉ်ပေါ်ပါရှိသူ အလုပ်သမား (၅၀)ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံသို့တင်ပို့ကာ ကူညီပေးခဲ့ကြောင်းလည်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *