ကန်ပက်လက်ရှိ စစ်အုပ်စုလက်အောက် ဌာနဆိုင်ရာဝန်ထမ်း ၉၀ နီးပါး တော်လှန်ရေးအင်အားစုနဲ့ပူးပေါင်း

ကန်ပက်လက်ရှိ စစ်အုပ်စုလက်အောက် ဌာနဆိုင်ရာဝန်ထမ်း ၉၀ နီးပါး တော်လှန်ရေးအင်အားစုနဲ့ပူးပေါင်း

ချင်းပြည် ၊ကန်ပက်လက်မြို့နယ်က စစ်အုပ်စုလက်အောက် တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်း (၉၀) နီးပါး တော်လှန်ရေးအင်အားစုနဲ့လာရောက်ပူးပေါင်းတယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဇူ လိုင်လ ၃၁ ရက် မနေ့ကထုတ်ပြန်ပါတယ်။

” ကန်ပက်လက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non-CDMဝန်ထမ်းများအနေဖြင့် လက် ရှိဆောင်ရွက်နေသည့် ရုံးလုပ်ငန်းများကို ရပ်တန့်၍ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့မှ စ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးခဲ့ရာ သတ်မှတ်ကာလ အတွင်း ဌာနဆိုင်ရာအသီးသီးမှ အောက်ဖော်ပြပါ ဝန်ထမ်း (၈၈) ဦးအလင်းဝင်ရောက်လာပါကြောင်း မိဘပြည်သူ များထံ အသိပေးအပ်ပါသည်” လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြပါတယ်။

 

ချင်းပြည်၊ ကန်ပက်လက်မြို့နယ်အတွင်းမှာ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုလက်အောက် တာဝန်ထမ်း ဆောင်နေတဲ့ဝန်ထမ်းတွေကို စစ်အုပ်စုနဲ့မပူးပေါင်းဖို့ တိုက်တွန်းထားပြီးတော့၊ စစ်အုပ်စုလက်အောက်မှာဆက် လက်တာဝန်ထမ်းဆောင်နေရင် အရေးယူဆောင်ရွက်သွားမယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က မေလ ၉ ရက်မှာ အသိပေး ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

 

လက်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ လာရောက်ပူးပေါင်းကြတဲ့ သူတွေကတော့ ကန်ပက်လက်မြို့နယ် တရားရုံး ၊ ပညာရေးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ လျှပ်စစ်ရုံး၊ လူမှုဝန်ထမ်း၊ မြို့နယ်ဆေးရုံ၊ စိုက်ပျိုးရေးဌာန၊ အ‌ထွေထွေအုပ် ချုပ်ရေးဌာန၊ ၊စာရင်းစစ်ရုံး၊ကျန်းမာရေးဌာန အစရှိတဲ့နေရာတွေက ဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်ပြီး ပညာရေးဝန် ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ စုစုပေါင်း ဌာနဆိုင်ရာဝန်ထမ်းစုစုပေါင်း ၈၈ ဦး လာရောက်ပူးပေါင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပုံစာ။ အာဏာသိမ်းပြီးနောက် စစ်အုပ်စုကိုဆန္ဒပြနေတဲ့ ကန်ပက်လက်က CDM ဝန်ထမ်းတွေကို‌‌တွေ့ရစဉ်။ (ပုံ ဟောင်း)

ဓာတ်ပုံ။ CJ

crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *