နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး YSO PDF ထံ အလင်းဝင်

နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး YSO PDF ထံ အလင်းဝင်

နေပြည်တော်မှ အမျိုးသမီးရဲဒုတပ်ကြပ် ၁ ဦး YSO PDF ထံ အလင်းဝင်
သြဂုတ် ၅
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ Royal Eagle People Defence Force -YSO တပ်ဖွဲ့ဆီကို သြဂုတ် ၄ ရက်က အမျိုးသမီး ရဲတပ်ဖွဲ့ဝင်တဦး အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အလင်းဝင်လာသူဟာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့မရဲစခန်းမှာ ၂၀၁၈ က စတင်တာဝန်ထမ်းဆောင် နေတဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဒုတပ်ကြပ် အေးအေးအောင် ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တော့လို့ အလင်းဝင်လာတာပါ။ လုံခြုံတဲ့နေရာကို ပို့ထားပါတယ်” လို့ Royal Eagle People Defence Force -YSO တပ်ဖွဲ့မှ တာဝန်ခံ ကိုဇော်ကြီး က ပြောပါတယ်။
အဲဒီရဲမေက G 3 ကျည် ၂၄ တောင့်၊ 9 mm ကျည် ၂၅ တောင့်၊ လက်တော့ပ် ၁ လုံးတို့နဲ့အတူ ချိတ်ဆက်ပေးသူရဲ့အကူအညီနဲ့ သြဂုတ် ၃ ရက်မှာ ရဲစခန်းမှထွက်ခွာလာပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲမေကို Royal Eagle တပ်ဖွဲ့က ဆုငွေ ၁ သိန်းကျပ်ချီးမြှင့်ခဲ့ပြီး ကာယကံရှင်ရဲ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ တာဝန်ခံ ကိုဇော်ကြီး က ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် ဇူလိုင် ၂၉ ရက်က ရဲတပ်ကြပ်တဦးနဲ့ ယခု ရဲဒုတပ်ကြပ်တဦးအပါ စုစုပေါင်း ရဲတပ်ဖွဲ့ဝင် ၂ ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။
ပုံစာ – အလင်းဝင်လာသည့်ရဲမေကို ဆုငွေပေးနေစဥ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *