တောင်ကြီးမှာ အောင်ပွဲအတိတ်နိမိတ်ဖြစ်တဲ့ သပြေပန်း မရောင်းချဖို့ စစ်ကောင်စီ သတိပေး

တောင်ကြီးမှာ အောင်ပွဲအတိတ်နိမိတ်ဖြစ်တဲ့ သပြေပန်း မရောင်းချဖို့ စစ်ကောင်စီ သတိပေး

တောင်ကြီးမှာ အောင်ပွဲအတိတ်နိမိတ်ဖြစ်တဲ့ သပြေပန်း မရောင်းချဖို့ စစ်ကောင်စီ သတိပေး
မဲခေါင်၊ ဇူလိုင် ၂၆
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောင်ပွဲအတိတ်နိမိတ်ဖြစ်တဲ့ သပြေပန်း မရောင်းချဖို့ စစ်ကောင်စီ သတိပေးထားတယ်လို့ ပန်းရောင်းသူတွေက ပြောပါတယ်။
တောင်ကြီးမြို့ရဲ့ မြို့မဈေး၊ အမှတ် ၅ ဈေး၊ အဝေရာဈေးနဲ့ ဘုရားရင်ပြင်တွေမှာ ပန်းရောင်းချနေသူတွေကို ထပ်မရောင်းချဖို့ မနေ့(ဇူလိုင် ၂၅)က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ထွေအုပ်) ဝန်ထမ်းတွေ လိုက်လံသတိပေးခဲ့တာလို့ ဆိုပါတယ်။
“ရောင်းရင် ဘာလုပ်မယ်လို့တော့ မပြောဘူး။ မရောင်းနဲ့ပေါ့။ စိုက်လည်း မစိုက်နဲ့တဲ့။ သူတို့ နောက်တခါ လာစစ်မယ်ပြောတယ်။ အဲခါကျမှ ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ထပ်ပြောမယ် ထင်တယ်”လို့ တောင်ကြီးမြို့တွင်း ပန်းရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အပါအဝင် ကျန်တဲ့ဌာနဆိုင်ရာတွေကိုလည်း သပြေပင်မစိုက်ပျိုးကြဖို့နဲ့ စိုက်ပြီးသား ရှိရင်လည်း ခုတ်ထွင်ရှင်းလင်းကြဖို့ ညွှန်ကြားထားတယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
သပြေပန်းဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားကပ်လှူရာမှာ ကြာရှည်အထားခံတာကြောင့် ဝယ်လိုအား အများဆုံးဖြစ်ပြီး ပန်းရောင်းသူတွေဘက်က ရောင်းခွင့်မရှိတော့မှာကို စိုးရိမ်ပူပန်နေကြသလို အိမ်ရှင်မတွေဘက်ကလည်း အခက်တွေ့လာနိုင်တယ်လို့ ဆိုပါတယ်။
“ဒီအတိုင်းတာ ဆိုရင်တော့ မြန်မာနိုင်ငံ သမိုင်းမှာ မင်းအောင်လှိုင်က သပြေပင်ကိုပါ ကြောက်ရတဲ့ အာဏာရူးအဖြစ် မှတ်တမ်းဝင်တော့မှာပဲ” လို့ ဈေးသည်တစ်ဦးက မှတ်ချက်ပေးပါတယ်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့မှာလည်း သပြေပန်းစိုက်တဲ့ အိမ်တွေကို အမြစ်ကစပြီး နှုတ်ခိုင်းနေတယ်လို့ လူမှုကွန်ယက်စာမျက်နှာ (Facebook) သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလ ၁၁ ရက်နေ့ကလည်း မန္တလေးမြို့မှာ သပြေပန်းနဲ့ ပန်းသပိတ်ပြုလုပ်ခဲ့တဲ့ အမျိုးသမီး ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ဖူးပါတယ်။
crd

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *